Connect with us

North America

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် မြန်နှုန်းမြင့်ရထားတိုက်မိ၍ လူတစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှ Brightline ရထားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တွင် မြန်နှုန်းမြင့်ရထားတစ်စီး ဖြင့် တိုက်မိ၍ လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။

Delray Beach ရဲတပ်ဖွဲ့ က ရထားဖြတ်လမ်း၏ တောင်ဘက် ၃၀.၄မီတာအကွာခန့်၌ ဒေသစံတော်ချိန် နေ့လည် ၁၂း၄၇နာရီတွင် မြောက်ဘက်သို့ဦးတည်မောင်းနှင်လာသော Brightline ရထားက အဆိုပါ အမျိုးသားအား တိုက်မိခဲ့ပြီး အခင်းဖြစ်ပွားရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများအနေဖြင့် သတင်းအချက်အလက်များ ပေးပို့ရန် ရဲတပ်ဖွဲ့က တောင်းဆိုခဲ့သည်။ပြည်တွင်းသတင်းများ၏ ဖော်ပြချက်အရ ယခုဖြစ်စဉ်သည် ယခုနှစ်အစောပိုင်းမှ စ၍ Fort Lauderdaleမြို့ နှင့် West Palm Beachမြို့အကြား ပြေးဆွဲမှုစတင်ခဲ့စဉ်ကတည်းက Brightline ရထားဖြင့်တိုက်မိ၍ စတုတ္ထအကြိမ်မြောက် သေဆုံးမှုဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လတွင် ရထားတာဝန်ရှိသူများက လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ပြီး အဆိုပါရထားသည် ယခုဧရိယာအတွင်းပြေးဆွဲနေသာ အခြားရထားများ ထက်ပိုမို မြန်ဆန်သည်ကို လမ်းသွားလမ်းလာများအား သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117