North America
သမ္မတဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ဟောင်း Flynn အား ဒီဇင်ဘာ ၁၈ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်

ဝါရှင်တန် ၊ စက်တင်ဘာ ၂ဝ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုက်ကယ်ဖလိုင်း(Michael Flynn)ကို ရုရှားအရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာ(Robert Mueller)၏ စစ်ဆေးမှုတွင် လွန်ခဲ့သော တစ်နှစ်က FBI သို့လိမ်လည်ထွက်ဆိုမှုဖြင့် လာမည့် ဒီဇင်ဘာ ၁၈ ရက်တွင် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည့် တရားရုံး၏ ကြေညာချက်အရ သိရသည်။
ပြစ်ဒဏ်ချမှတ်မည့်ရက်သည် ရွေးကောက်ပွဲနှစ်လယ် နိုဝင်ဘာ ၆ ရက် နှောင်းပိုင်း ရက်သတ္တပတ်ပေါင်းများစွာ အကြာတွင် ကျရောက်လျက် ရှိသည်။
၂ဝ၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီတွင် ပြုလုပ်သော သမ္မတထရမ့်၏ ကျမ်းသစ္စာကျိန်ဆိုမှု မပြုလုပ်မီ ထိုစဉ်က ရုရှားသံအမတ် Sergey Kislyak နှင့် ဆက်နွယ်မှုရှိကြောင်း ကိစ္စရပ်အပေါ် FBI သို့ထွက်ဆိုချက်အမှားနှစ်ခု ဖန်တီးမှုဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် ပြစ်မှုကျူးလွန်ကြောင်းတွေ့ရှိပြီးနောက် မူလာ၏ စုံစမ်းစစ်ဆေးမှုတွင် Flynn က ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လျက် ရှိခဲ့သေးသည်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦးဖြစ်သူ Flynn သည် မူလာ၏စုံစမ်းစစ်ဆေးမှုတွင် ပထမဆုံး အရေးယူခံရသည့် အိမ်ဖြူတော်အဆင့်မြင့် အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)