Connect with us

North America

အမေရိကန်နိုင်ငံ Pennsylvaniaပြည်နယ် တရားရုံးတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၄ ဦးဒဏ်ရာရ


ဝါရှင်တန်၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ Pennsylvaniaပြည်နယ် Fayette ခရိုင်ရှိ တရားရုံးတစ်ခုတွင် စက်တင်ဘာ ၁၉ ရက် က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊သေနတ်သမားမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါသေနတ်ပစ်ခတ်မှုမှာ စက်တင်ဘာ ၁၉ ရက် ညနေ ၂နာရီခန့်က တရားရုံးရှိ တရားသူကြီး တစ်ဦး၏ ရုံးခန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ဒဏ်ရာရသူ ၄ ဦးအား ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင် ထားပြီဖြစ်ကြောင်း ၊ ဒဏ်ရာရသူများအနက် တစ်ဦးမှာ ဥပဒေအရာရှိတစ်ဦးဖြစ်ကြောင်း ၊ တိုက်ခိုက်သူ သေနတ်သမားမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း အမေရိကန် ရဲတပ်ဖွဲ့၏ တွစ်တာတွင် ထုတ်ပြန်သည့် သတင်းများနှင့် မီဒီယာသတင်းများ အရ သိရသည်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်သူသေနတ်သမားမှာ အချင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ၎င်း သေဆုံးမှုနှင့်စပ်လျဉ်း၍ အသေးစိတ် မသိရသေးကြောင်း Fayetteခရိုင် အရာရှိတစ်ဦးက ပြောကြားခဲ့သည် ။

အချင်းမဖြစ်ပွားမီ တရားသူကြီး ရုံးခန်းအတွင်း ဆူညံအငြင်းပွားသံကို ကြားရသည်ဟု မျက်မြင် သက်သေတစ်ဦးက ဆိုကြောင်း အမေရိကန် National Broadcasting Company၏ ထုတ်လွှင့်ချက် များအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.