ဘေရွတ်၊ ဇူလိုင် ၃၀ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ မြောက်ပိုင်း Qoubaiyat ကျေးရွာတွင် အကြီးအကျယ် မီးလောင်ကျွမ်းမှုသည် ဒုတိယရက်မြောက်အဖြစ် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း ဒေသတွင်းမီဒီယာတစ်ခုတွင် ဇူလိုင် ၂၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။ အဆိုပါ တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံနေထိုင်သူများက မီးငြှိမ်းသတ်ရန် ရေကားများ စုဆောင်းပေးခဲ့ကြောင်း၊ တချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံ၏ မီးသတ်တပ်ဖွဲ့နှင့်...
ပေကျင်း ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တောင်ပိုင်း ပင်လယ်ပြင်တွင် ယနေ့ ညနေ ၂ နာရီ ၁၅ မိနစ်တွင် ပြင်းအား ၈.၁ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း တရုတ်နိုင်ငံ မြေငလျင်ကွန်ရက်စင်တာ ( CENC) ၏ ထုတ်ပြန်ချက် အရ...
ဝါရှင်တန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံရှိ အာဖဂန် တပ်ဖွဲ့ဝင်များအား ကူညီရန် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။ အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း “လွန်ခဲ့သည့် ရက်ပေါင်းများစွာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကနေတစ်ဆင့် အာဖဂန် အမျိုးသားကာကွယ်ရေးနှင့်...
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ကပ်ရောဂါ စတင်ချိန်မှစ၍ ကလေးငယ် ၄ သန်းကျော် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန် ကလေးအထူးကုအကယ်ဒမီ(AAP) နှင့် ကလေးများ ဆေးရုံအသင်း၏ နောက်ဆုံးထုတ်ပြန်မှုများအရ သိရ သိရသည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်တာလီဘန်စစ်သွေးကြွများက ယခုအခါ စစ်မက်ဖြစ်ပွားနေသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ ခရိုင်အရေအတွက် တစ်ဝက်ကျော်ဖြစ်သည့် ခရိုင်ပေါင်း ၄၁၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်တပ်ဖွဲ့များသည် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်မှုရှိသည့် ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ် (al-Shabaab) စစ်သွေးကြွအဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဇူလိုင် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ်ရှိ ရေပန်းဥယျာဉ်တစ်ခုအတွင်း ရေကူးသည့် နေရာ၌ အမျိုးအမည်မသိ ဓာတုယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၃၀ ဦးကျော်အား ဆေးကုသပေးထားရကြောင်း Harris ကောင်တီ မီးသတ်တပ်ဖွဲ့ဆိုင်ရာ အကြီးအကဲရုံးထံမှ ဇူလိုင် ၁၇ ရက်တွင် သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ရွှေ့ပြောင်းသွားလာသူများ ရောက်ရှိလာမှုသည် ဇွန်လတွင် နှစ်အလိုက် မြင့်မားသော အရေအတွက်သို့ ရောက်ရှိလာခဲ့ကြောင်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေး (CBP) က ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် စာရင်းအင်းအသစ်အရ သိရသည်။
ဝါရှင်တန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) လက်ရှိတွင် ဟေတီနိုင်ငံသို့ စစ်တပ်စေလွှတ်ရန် အမေရိကန်တွင် အစီအစဉ်မရှိသေးဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဟူစတန် ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ ပြင်းထန်သောနှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ပြည်နယ်တစ်ဝှမ်း ၂၁၀ ဦးထိ မြင့်တက်လာကြောင်း ဒေသတွင်း မီဒီယာက ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။