ဝါရှင်တန်၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ်တွင် သေနတ်ပစ်ခတ်မှုတစ်ခုအတွင်း ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ရဲအရာရှိ နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း FBI က ထုတ်ဖော်ပြောကြားခဲ့သည်။
နယူးယောက်၊ဇန်နဝါရီ၃၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်၌ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၆ သန်းကျော်ထိ ရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက် အရ သိရသည်။
ဝါရှင်တန်၊ဇန်နဝါရီ ၂၆ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် အမေရိကန်လွှတ်တော်အဆောက်အဦ(Capitol) ၌ ဇန်နဝါရီ ၆ ရက်ကဖြစ်ပွားခဲ့သော အကြမ်းဖက်ဝင်ရောက်စီးနင်းမှုတွင် အားပေးအားမြှောက် ပြုလုပ်မှုဖြင့် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်အား အရေးယူရန် စွပ်စွဲပြစ်တင်မည့် အကြောင်းအရာကို အမေရိကန် အောက်လွှတ်တော်က အထက်လွှတ်တော်သို့ ဇန်နဝါရီ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံက ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက လက်မှတ်ရေးထိုးခဲ့သော အာဖဂန် တာလီဘန်နှင့် သဘောတူညီချက်ကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်-ခေါန်ရိန် အမေရိကန်နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ၂၀၁၅ ပဲရစ်သဘောတူညီချက် ကို ပြန်လည်ပါဝင်ရန် သမ္မတအမိန့်တစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုပွဲ၌ သမ္မတအမိန့်များစွာကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း နှာခေါင်းစည်းတပ်ဆင်ရေး စိန်ခေါ်မှုသည်လည်း ၎င်း၏ ပထမဆုံးကိုင်တွယ်မှု လုပ်ငန်းစဉ်များထဲတွင် တစ်ခုအပါအဝင်အဖြစ် ထည့်သွင်းခဲ့သည်။
ဝါရှင်တန်၊ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် အများပြည်သူများကို လာရောက်ခွင့်ပိတ်ထားသည့် ထူးခြားသည့် သမ္မတရာထူးအပ်နှင်းပွဲ၌ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်၏ ၄၆ ယောက်မြောက် သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်တွင် Capitol...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မကြာမီ ရာထူးမှထွက်ခွာတော့မည့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်၌ လေးနှစ်တာကာလနေထိုင်ပြီးနောက် ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် နှုတ်ဆက်ပွဲအခမ်းအနားအတွက် Marine One လေယာဉ်ဖြင့် Andrews ပူးတွဲအခြေစိုက်စခန်းသို့...
ချီကီမူလာ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဂွါတီမာလာနိုင်ငံ ချီကီမူလာ(Chiquimula)ပြည်နယ် ဟွန်ဒူးရပ်စ်နှင့်ကပ်လျက် နယ်စပ်မြို့ Vado Hondo တွင် ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူများကို ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့က ဇန်နဝါရီ ၁၈ ရက်က တားဆီး၍ လူစုခွဲခဲ့ကြောင်း သိရသည်။