ဝုဒ်ဘရစ်ချ်မြို့နယ်၊ အမေရိကန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် ဝုဒ်ဘရစ်ချ်မြို့နယ် လူနေရပ်ကွက်အတွင်း အောက်တိုဘာ ၂၉ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျသွားခဲ့ရာ နေအိမ်သုံးလုံးမီးလောင်ခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဝါရှင်တန်၊အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ F-35 Lighting II တိုက်လေယာဉ် ၄၇၈ စင်း ထပ်မံဖြည့်စွက် ဝယ်ယူရန် သဘောတူညီခဲ့ကြောင်း အမေရိကန်အစိုးရအရာရှိတစ်ဉီးက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆေလ်ဗေးနီးယားပြည်နယ် ပစ်စ်ဘာ့ခ်မြို့လယ်၌ လမ်းပေါ်ရှိကျင်းပေါက်တစ်ခုအတွင်းသို့ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ကားတစ်စီး၏အနောက်ပိုင်း ပြုတ်ကျသွားခဲ့ရာ ကားပေါ်ပါလာသည့် လူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စုနိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် က အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာ့က် အယ်လ်-ဘာဂါဒီ အားအမေရိကန်တပ်ဖွဲ့များက ဆီးရီးယားနိုင်ငံ၌ စစ်ဆင်ရေးတစ်ခုအ တွင်းသတ်ဖြတ်နိုင်ခဲ့ကြောင်း အောက်တိုဘာလ ၂၇ ရက်ကပြောကြားခဲ့သည်။
အော့တဝါ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) ၏ လစ်ဘရယ်ပါတီက ၂၀၁၉ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ကနေဒါ ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၂ ရက် ဖော်ပြချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတစ်ဝန်း အောက်တိုဘာ ၁၅ ရက်အထိ e-cigarettee မှထွက်လာသော အငွေ့များ ရှူရှိုက်ခြင်းနှင့် ဆက်စပ်သော အဆုတ်ဒဏ်ဖြစ်မှု ၁,၄၇၉ ခုရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် ကတူရကီနိုင်ငံက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအနေဖြင့် တူရကီ၏လက်ရှိနှင့်ယခင် အရာရှိကြီးများအပေါ်တွင် ပိတ် ဆို့မှုပြုသည့်အမိန့်တစ်ရပ်ကို မကြာမီထုတ်ပြန်သွားမည်ဟု အောက်တိုဘာလ ၁၄ ရက်ကပြောကြားခဲ့ ကြောင်းသိရပါသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ထင်ရှားသော စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စရပ်အမျိုးမျိုး ဆွေးနွေးရန် အဆင့်မြင့်ဆွေးနွေးပွဲအသစ်အား အောက်တိုဘာ ၁၀ ရက်က စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မက္ကဆီကို၊အောက်တိုဘာ ၁၁ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံသမ္မတ Andres Manuel Lopez က၎င်းအစိုးရအဖွဲ့အနေဖြင့် ဘိန်းဘုရင် “ El Chapo” ဂုဇ်မန်း၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုပြုလုပ်ရာတွင် အမေရိကန်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်၊၊
ကနေဒါ၊Bruce ၊ အောက်တိုဘာ၆ရက်(ဆင်ဟွာ)