Connect with us

North America

အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က မာအာလာဂိုနေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ဒေါ်နယ်ထရမ့်ပြောကြား

ဝါရှင်တန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏မာအာလာဂိုနေအိမ်ကို အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်းနှင့် ၎င်း၏ အာမခံသေတ္တာတစ်ခုကိုလည်း အတင်းအဓမ္မ ဖွင့်လှစ်ခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။FBI နှင့် အမေရိကန် တရားရေးဝန်ကြီးဌာနတို့က ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောကြားခြင်းမရှိသေးကြောင်း သိရသည်။ လက်ရှိ အမေရိကန် တရားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စုံစမ်းစစ်ဆေးမှုများက ဒေါ်နယ်ထရမ့်နှင့် ပတ်သက်ကြောင်း အမေရိကန်မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။ မာအာလာဂိုနေအိမ်ကို ဝင်ရောက်စစ်ဆေးစဉ် ဒေါ်နယ်ထရမ့်က နယူးယောက်မြို့တွင် ရောက်ရှိနေကြောင်း သိရသည်။ (Xinhua)

#Trump #FBI #US #Xinhua #Myanmar #XinhuaMyanmar #ဒေါ်နယ်ထရမ့် #စုံစမ်းစစ်ဆေးရေးအဖွဲ့ #ဆင်ဟွာ
…………………………………………
特朗普称美联邦调查局人员突击搜查海湖庄园
新华社华盛顿8月9日电美国前总统特朗普8日称,他位于佛罗里达州棕榈滩的海湖庄园遭到美国联邦调查局人员的突击搜查,他的一个保险箱还被强行打开。
美国联邦调查局及美司法部尚未就这一事件公开表态。据美国媒体报道,美国司法部目前进行的多项调查涉及特朗普。海湖庄园被搜查时,特朗普本人正在纽约市。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.