North America
ရုရှားထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်လက်ခံရယူခဲ့သည့်အတွက် တူရကီအား F-35 တိုက်လေယာဉ်များ ပေးအပ်တော့မည်မဟုတ်ကြောင်း အမေရိကန်အတည်ပြု

ဝါရှင်တန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)
တူရကီနိုင်ငံသည် ရုရှားနိုင်ငံထံမှ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်များ ဝယ်ယူခဲ့သည့်အတွက် အမေရိကန်အနေဖြင့် တူရကီအား F-35 ဂျက်တိုက်လေယာဉ်များ လွှဲပြောင်းပေးရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ဇူလိုင် ၁၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။(Xinhua)