Connect with us

North America

လာဂါဒီက တရားဝင်နုတ်ထွက်စာတင်ပြီးနောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ခေါင်းဆောင်သစ်အား စတင်ရွေးချယ်

နိုင်ငံတကာငွေကြေးရန်ပုံငွေ (IMF) ၏ မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂါဒီအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ခရစ္စတင်း လာဂါဒီ (Christine Lagarde) က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရှိ ၎င်း၏ရာထူးမှနုတ်ထွက်ကြောင်း ကြေညာပြီးနောက် နောက်ထပ် မန်နေဂျင်းဒါရိုက်တာအသစ် ရွေးချယ်ခြင်းလုပ်ငန်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ၎င်း၏နုတ်ထွက်စာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်း IMF အမှုဆောင်အဖွဲ့က ဇူလိုင်လ ၁၆ ရက်တွင် ပြောကြားလိုက်သည်။

လာဂါဒီသည် ပြီးခဲ့သည့်သီတင်းပတ်နှစ်ပတ်အကြာက ဥရောပဗဟိုဘဏ် (ECB) ၏ ဥက္ကဋ္ဌအဖြစ် အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရကြောင်း၊ ထို့နောက် အမည်စာရင်းတင်သွင်းခြင်းကာလအတွင်း IMF ခေါင်းဆောင်နေရာမှ ယာယီနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

“၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်မှစပြီး အသက်ဝင်မယ့် မန်နေဂျင်းဒါရိုက်တာ ခရစ္စတင်းလာဂါဒီက IMF ကနေ နုတ်ထွက်စာကို ဒီကနေ့ (ဇူလိုင်လ ၁၆ ရက်) မှာ IMF အမှုဆောင်အဖွဲ့က လက်ခံရရှိခဲ့ပါတယ်” ဟု အမှုဆောင်အဖွဲ့က ကြေညာချက်တွင် ပြောကြားထားသည်။

“မန်နေဂျင်းဒါရိုက်တာ လာဂါဒီရဲ့ဆုံးဖြတ်ချက်ကြောင့် IMF အမှုဆောင်အဖွဲ့က နောက်ထပ် မန်နေဂျင်းဒါရိုက်တာအသစ်တစ်ဦးကို ရွေးချယ်ဖို့လုပ်ငန်းစတင်လုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

အသက် ၆၃ နှစ်ရှိပြီဖြစ်သော ပြင်သစ်နိုင်ငံသား လာဂါဒီသည် ဥရောပဗဟိုဘဏ် (ECB) အား ဦးဆောင်မည့် ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်လာမည်ဖြစ်သည်။ ၎င်းသည် အောက်တိုဘာလ ၃၁ ရက်တွင် သက်တမ်းပြီးဆုံးမည့် မာရီယို ဒရက်ဟီ (Mario Draghi) ၏ နေရာတွင် ဝင်ရောက်မည် ဖြစ်သည်။

လာဂါဒီသည် ၂၀၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် IMF ၏ ၁၁ ဦးမြောက် မန်နေဂျင်းဒါရိုက်တာဖြစ်လာခဲ့ပြီး ယင်းရာထူးတွင် တာဝန်ထမ်းဆောင်ရသည့် ပထမဦးဆုံး အမျိုးသမီးလည်းဖြစ်သည်။ ၎င်းသည် IMF မန်နေဂျင်းဒါရိုက်တာအဖြစ် ဒုတိယမြောက်သက်တမ်းအတွက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ထပ်မံရွေးချယ်ခြင်းခံခဲ့ရသည်။ လာဂါဒီသည် IMF သို့ မရောက်ရှိမီ ပြင်သစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.