Connect with us

North America

အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney ဘာရိန်းနိုင်ငံ၌ သေဆုံး

ကွယ်လွန်သွားသော အရှေ့အလယ်ပိုင်းအခြေစိုက် အမေရိကန်အမှတ်(၅) ရေတပ် တပ်မှူး

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အမှတ်(၅) ရေတပ် တပ်မှူး Scott Stearney သည် ဒီဇင်ဘာ ၁ ရက်တွင် ဘာရိန်းနိုင်ငံ၌ သေဆုံးသွားကြောင်း သိရသည်။

အမှတ်(၃၁) ရေကြောင်းစစ်ဆင်ရေးဌာနအကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး John Richardson က တွစ်တာလူမှုကွန်ရက်၌ ရေးသားရာတွင် “ ဝမ်းနည်းစရာသတင်းကို ရေတပ်ဦးစီးချုပ်ထံ ပေးပို့ရမယ့် တာဝန်က ကျွန်တော့်မှာ ရှိပါတယ်။ ဘာရိန်းနိုင်ငံအခြေစိုက် အမှတ်(၅) ရေတပ် တပ်ဖွဲ့ရဲ့ တပ်မှူး နဲ့အမေရိကန်ရေတပ် အလယ်ပိုင်းတပ်မ တပ်မှူး ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး Scott Stearney ဟာ ဘာရိန်းနိုင်ငံမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ဒီနေ့ကွယ်လွန်သွားပါပြီ” ဟု ဖော်ပြခဲ့သည်။

Stearney သည် အရှေ့အလယ်ပိုင်းဒေသအခြေစိုက် ပင်လယ်ရပ်ခြားအမေရိကန်အမှတ်(၅) ရေတပ်တပ်ဖွဲ့၏ တပ်မှူး ဖြစ်ကြောင်း သိရသည်။၎င်းသေဆုံးရခြင်းအကြောင်းအရာကို အမေရိကန်ရေတပ်က အသေးစိတ်ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ “ အမေရိကန်ရေတပ်ပြစ်မှုဆိုင်ရာစုံစမ်းထောက်လှမ်းတပ်ဖွဲ့နဲ့ဘာရိန်းနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့်အခုချိန်ထိ သံသယဖြစ်စရာ မတွေ့ရသေးပါဘူး” ဟူ၍သာ ထုတ်ပြန်ခဲ့သည်။Stearney ၏ ရေတပ် တပ်မှူးနေရာအား ၎င်း၏ လက်ထောက်ဖြစ်သူ ရေတပ်ဗိုလ်ချုပ် Paul Schlise ဖြင့်အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.