Connect with us

North America

အမေရိကန်နိုင်ငံ၌ ကျောင်းကားမတော်တဆမှုဖြစ်ပွားရာ လူကြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရ

အမေရိကန်နိုင်ငံ၌ ကျောင်းကြိုပို့ ယာဉ်တစ်စင်း လမ်းဘေးထိုးကျသွားစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံအရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘရစ္စတိုမြို့တွင် ဒီဇင်ဘာ ၁ ရက် ညပိုင်းက ကျောင်းကြိုပို့ယာဉ်တစ်စီးသည် Berkley လမ်းဘေးတောအုပ်အတွင်းသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ လူကြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

မိဘများ နှင့် ကလေးငယ်များ အပါအဝင် လူပေါင်း ၂ဝ ကျော်လိုက်ပါလာသည့် ကျောင်းကားမှာ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ၎င်းဘတ်စ်ကားသည် တစ်ပတ်လိမ့်သွားခြင်းမရှိဘဲ အချင်းဖြစ်နေရာ၌ ထောင်လျက် တင်ကျန်နေကြောင်း နှင့် ခရီးသည်များမှာ ကားအတွင်းမှ ရုန်းထွက်ပြီး လမ်းမပေါ်သို့ပြန်တက်သွားကြောင်းလည်း သိရသည်။အဆိုပါဘတ်စ်ကားသည် Rhode ကျွန်း ၊ Tiverton မှ ပြန်လှည့်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ထို့ပြင်စုံစမ်းစစ်ဆေးမှုများကိုဆက်လက် လုပ်ဆောင်လျက်ရှိကြောင်းလည်း ရဲတပ်ဖွဲ့၏ တွစ်တာလူမှုကွန်ရက်ပေါ်တွင် ဖြည့်စွက်ဖော်ပြထားသည်။(Xinhua)