North America
အမေရိကန် နိုင်ငံ South Carolina ပြည်နယ် တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား တစ်ဦး သေဆုံး

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ South Carolina ပြည်နယ် တွင် အောက်တိုဘာ ၃ ရက် ညနေပိုင်း အချိန်၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး သေနတ်ပစ်ခတ်သူ အား ဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း ပြည်နယ် အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ သိရှိရသည်။
အမေရိကန် နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ သေနတ် ပစ်ခတ်မှု တွင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သေနတ် ဒဏ်ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ရကြောင်း ၊ သေနတ် ဒဏ်ရာရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များ ၏ အခြေအနေ နှင့် ပတ်သက်၍ မသိရှိ ရသေးကြောင်း ပြောကြား ခဲ့သည်။
South Carolina ပြည်နယ် Florence ဒေသ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေး ဌာန က သေနတ် ပစ်ခတ်မှု မှာ ဒေသတွင်းရှိ နေအိမ်တစ်အိမ် တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)