Connect with us

North America

အမေရိကန်က အီရန် ချစ်ကြည်ရေးသဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း ကြေညာ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး Mike Pompeo အား တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)

အမေရိကန်က ၁၉၅၅ ခုနှစ် ချစ်ကြည်ရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော အီရန်၏ စွဲဆိုမှုကို နိုင်ငံတကာ တရားရုံး(ICJ)က စီရင်ပိုင်ခွင့်ရှိသည်ဟု ကြေညာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mike Pompeo က အမေရိကန်အနေဖြင့် ၎င်းသဘောတူညီချက်ကို ရပ်ဆိုင်းကြောင်း အောက်တိုဘာ ၃ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်သည် အဆိုပါသဘောတူညီချက်ကို အစောကတည်းက ရပ်ဆိုင်းသင့်ကြောင်း ၊ အီရန် ယခင်က ပြုမူခဲ့သည့် မနှစ်မြို့ဖွယ်မလိုမုန်းတီးသည့် လုပ်ဆောင်မှုများက ယခုစွဲဆိုချက်ကို အဓိပ္ပါယ် မရှိဖြစ်စေ ကြောင်း Mike Pompeo က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အောက်တိုဘာ ၃ ရက်နေ့ အစောပိုင်းတွင် နယ်သာလန်နိုင်ငံ Hagueမြို့ ရှိ နိုင်ငံတကာတရားရုံးက အီရန်၏စွဲဆိုချက်ကို စီရင်ပိုင်ခွင့်ရှိသည်ဟု ကြေညာပြီး အီရန်အပေါ် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများနှင့် အရပ်ဘက်လေကြောင်း လုံခြုံရေးဆိုင်ရာ ကုန်ပစ္စည်းများ ၊ ဝန်ဆောင်မှုများအား ပိတ်ဆို့အရေးယူနေခြင်းကို ချက်ချင်း ရပ်တန့်ရန် အမေရိကန်အား တောင်းဆို ခဲ့သည်။

နိုင်ငံအများ၏ဆန့်ကျင်ကန့်ကွက်မှုကို မျက်ကွယ်ပြု၍ ယခုနှစ် မေလတွင် အမေရိကန် အစိုးရသည် အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ရန် ကြေညာခဲ့ပြီး ပိတ်ဆို့မှုများ ပြန်လည် စတင် လုပ်ဆောင်ခဲ့သည်။ အမေရိကန်က ပိတ်ဆို့မှုများ ပြန်လည်လုပ်ဆောင်ခြင်းသည် ၁၉၅၅ ခုနှစ်တွင် နှစ်နိုင်ငံ ချုပ်ဆိုခဲ့သည့် “ချစ်ကြည်ရေး၊စီးပွားရေးနှင့်သံတမန်ရေးရာသဘောတူညီချက် ”ကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာ တရားရုံးအနေဖြင့် ၎င်းပိတ်ဆို့မှုများကို ချက်ချင်းရပ်တန့် စေရေး ဖြေရှင်းပေးရန် အီရန်က ဇူလိုင်လတွင် တောင်းဆိုခဲ့သည်။

နိုင်ငံတကာတရားရုံးသည် ကုလသမဂ္ဂ၏အဓိက တရားရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး နိုင်ငံတကာဥပဒေအရ နိုင်ငံများအကြား ဥပဒေ ဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.