Connect with us

North America

အမေရိကန် နိုင်ငံ တွင် Florence မုန်တိုင်း တိုက်ခတ်မှုကြောင့် သေဆုံးသူပေါင်း ၄၉ အထိ ရောက်ရှိလာ

အမေရိကန် နိုင်ငံ တွင် Florence မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ North Carolina ပြည်နယ် တွင် Florence မုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၂ ဦး ထပ်မံ သေဆုံး ခဲ့ပြီး အမေရိကန် နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဒေသ ၌ Florence မုန်တိုင်း တိုက်ခတ်မှု နှင့် နောက်ဆက်တွဲ သက်ရောက်မှုများကြောင့် သေဆုံးသူပေါင်း ၄၉ အထိ ရောက်ရှိ လာခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ၏ အောက်တိုဘာ ၂ ရက် ထုတ်ပြန် ချက်အရ သိရှိရသည်။

North Carolina ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး ၏ နောက်ဆုံး ထုတ်ပြန်ချက်အရ သေဆုံးသူ ၂ ဦး မှာ အမျိုးသား များ ဖြစ်ကြကြောင်း ၊ Florence မုန်တိုင်း ကြောင့် North Carolina ပြည်နယ် ၊ South Carolina ပြည်နယ် နှင့် Virginia ပြည်နယ် တို့တွင် ၃၉ ဦး ၊ ၉ ဦး နှင့် ၁ ဦး အသီးသီး သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် စက်တင်ဘာ ၁၄ ရက် ၌ North Carolina ပြည်နယ် သို့ Florence မုန်တိုင်း စတင် ဝင်ရောက် ခဲ့ပြီး ပြင်းအား အဆင့် ၁ မှ အဆင့် ၄ အထိ နှစ်ကြိမ် မြင့်တက် သွား ခဲ့ကာ အမြင့်ဆုံး လေတိုက်နှုန်း အနေဖြင့် တစ်နာရီ ၂၀၀ ကီလိုမီတာ အထက် သို့ ရောက်ရှိ ခဲ့ကြောင်း ၊ မုန်တိုင်း မှာ ကုန်တွင်းပိုင်း သို့ ရောက်ရှိချိန်တွင် လေတိုက်နှုန်း လျော့ကျသွားပြီး မိုးရေချိန် ၇၆ စင်တီမီတာ အထိ ရွာသွန်းမှု ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.