Connect with us

North America

Starbucks ဆိုင်များအတွင်း ရေအိမ်များအသုံးပြုခြင်းနှင့် ဆိုင်အတွင်း ဝင်ရောက်ထိုင်ခြင်းတို့ကို ခွင့်ပြုရန် မူဝါဒအသစ် ထုတ်ပြန်

Starbucks ဆိုင်အတွင်း စားသုံးသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကော်ဖီဆိုင်ကြီးဖြစ်သော Starbucks က စတိုင်းဆိုင်အတွင်း ပစ္စည်းများဝယ်ယူမှုမပြုပါဘဲနှင့်လည်း ကော်ဖီဆိုင်အတွင်းရှိ ရေအိမ်များ အသုံးပြုခြင်းနှင့် ဆိုင်အတွင်း ဝင်ရောက်ထိုင်ခြင်းတို့ကို ခွင့်ပြုရန် မူဝါဒအသစ်အား ထုတ်ပြန်လိုက်ကြောင်း သိရသည်။

မကြာသေးမီက အလုပ်သမားထံပေးပို့သည့် စာတွင် “စတိုးဆိုင်တွင် ပစ္စည်းများ ဝယ်ယူခြင်းပြုသည်မပြုသည်ကို ထည့်သွင်းမစဉ်းစားဘဲ ကျွန်ုပ်တို့၏ ဆိုင်အမိုးနေရာများ၊ ကော်ဖီဆိုင်များနှင့် ရေအိမ်များ အပါအဝင် ဆိုင်နေရာများအတွင်းသို့ ဝင်ရောက်သူ မည်သူမဆို စားသုံးသူများဟု ထည့်သွင်းစဉ်းစားရန်” ဟု အလုပ်သမားများထံပေးပို့သည့် စာတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လက Philadelphia မြို့ရှိ Starbucks စတိုးဆိုင်မန်နေဂျာသည် ဆိုင်အတွင်း အလုပ်အစည်းအဝေးတစ်ခုအတွက် စောင့်ဆိုင်းနေသူ တစ်ဦးနှင့် ရေအိမ်အသုံးပြုရန် စောင့်ဆိုင်းနေသည့် အာဖရိကန် အမေရိကန်ဖွား အမျိုးသားနှစ်ဦးအား ရဲသို့ တိုင်ကြားဖမ်းဆီးကာ နာရီနှင့်ချီ၍ ထိန်းသိမ်းထားခဲ့ပြီးနောက် ထိုလုပ်ရပ်မှာ အသားအရောင်ခွဲခြားမှုဟု လူအများက စွပ်စွဲခဲ့ကြသည်။

နောက်ပိုင်းတွင် Starbucks ကတောင်းပန်ခဲ့ကာ လူမျိုးရေးခွဲခြားမှုပညာပေးရန်အတွက် အမေရိကန်ရှိ ဖက်စပ်ဆိုင်များအားလုံးကို မေလ ၂၉ ရက်တွင် နေ့တဝက်ပိတ်ထားရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။

ယခုမူဝါဒအသစ်သည် အမေရိကန်ရှိ Starbucks စတိုးဆိုင် ၈,၀၀၀ အပေါ် အကျိုးသက်ရောက်မည် ဖြစ်ပြီး ဆိုင်အတွင်း ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဆေးဝါးသုံးစွဲခြင်းနှင့် အိပ်စက်ခြင်းများ ပြုလုပ်သည့် စားသုံးသူများကိုမူ ၎င်းမူဝါဒနှင့် အကျုံးဝင်မည်မဟုတ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.