Connect with us

North America

တက္ကဆက်ပြည်နယ်တွင် ဓာတုပစ္စည်းသန့်စင်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦးဒဏ်ရာရရှိ

တက္ကဆက်ပြည်နယ် ရှိ ပါဆာဒန်နာ သန့်စင်ရေး အင်ကော်ပိုရေးရှင်းအားတွေ့ရစဉ် (အင်တာနက်)

ဟူစတန်၊ မတ် ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အရှေ့တောင်ပိုင်းရှိ ပါဆာဒန်နာမြို့ တွင် မတ်လ ၅ရက်နေ့က ဓာတုပစ္စည်းသန့်စင်ရေးစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခုက ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် ဓာတုပစ္စည်းများဖြစ်သည့် ammonia၊ benzene၊ ehtylene၊ propylene နှင့် sulfuric acid များ သိမ်းဆည်းထားသော ပါဆာဒန်နာ သန့်စင်ရေး အင်ကော်ပိုရေးရှင်း တွင် နံနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်း ရုပ်သံထုတ်လွှင့်ရေး ဖြစ်သည့် ABC13 ကဖော်ပြခဲ့သည်။

ဒေသခံများက ပေါက်ကွဲမှုကို ခံစားမိကြောင်း နှင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ နှင့် ကီလိုမီတာ များစွာမှပင် အမည်းရောင် မီးခိုးများ ကို မြင်နေရကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအနီးရှိ လိုဏ်ခေါင်းအား လုံခြုံရေးအတွက် ပိတ်ခဲ့ရပြီး သန့်စင်ရေး စက်ရုံ ၏ ကိုယ်ပိုင် မီးသတ်သမားများက မီးတောက်များကို ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ပါဆာဒန်နာ သန့်စင်ရေး အင်ကော်ပိုရေးရှင်း သည် အမေရိကန်နိုင်ငံ၏ လေထုသန့်စင်ရေးလှုပ်ရှားမှုကို ချိုးဖောက်ခဲ့သည့် အတွက် ဒဏ်ကြေးငွေများစွာ ပေးဆောင်ရလိမ့်မည်ဟု ခန့်မှန်းကြသည်။
ပေါက်ကွဲမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)