ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံအနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ရန်၊ ဂါဇာဒေသသို့ လူသားချင်းစာနာမှုအကူအညီများ လျင်မြန် ဘေးကင်းစွာဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက တိုက်တွန်းမှုကို ဂရုပြုရန် တရုတ်နိုင်ငံက ဇူလိုင် ၂ ရက်၌ ပြောကြားခဲ့သည်။ ဂါဇာဒေသတွင် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း...
ဆိုးလ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွင်းရှိ အဏ္ဏဝါသဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး ကန်ဒိုဟန်းက ဆိုးလ်မြို့တွင်ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဇူလိုင် ၂ ရက် ကသိရသည်။ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းခြင်းမရှိပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘဲ...
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ နှင့် အီရတ် ပြည်သူ့စစ် “အစ္စလာမ္မစ် တော်လှန်ရေး အဖွဲ့” ပူးတွဲလှုပ်ရှားမှုဖြင့် အစ္စရေး ဟိုင်ဖာဆိပ်ကမ်း၏ “အဓိက ပစ်မှတ်” ကို တိုက်ခိုက်ခဲ့သည်ဟု ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့က ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။...
မော်စကို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Timur Ivanov ကို “ယုံကြည်မှု ဆုံးရှုံးသွားခြင်း ”ကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း TASS သတင်း အေဂျင်စီက ဇူလိုင် ၂ ရက်တွင် ဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်...
ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်ကာလအတွင်း နိုင်ငံခြားခရီးသွား ၁၇ ဒသမ ၅ သန်းကျော် ဆွဲဆောင်နိုင်ခဲ့ကြောင်းနှင့် ယခင်နှစ်ကထက် ၃၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဇူလိုင် ၂ ရက်က ဖော်ပြသောအချက်အလက်များအရ သိရသည်။ ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားခရီးသွားများအနက်...
နယူးဒေလီ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဥတ္တရပရာဒက်ရှ်ပြည်နယ် ဟာထရပ်စ်ဒေသတွင် လူထုစုဝေးပွဲတစ်ခု၌ ပြင်းထန်သော လူအုပ်ပိမှု ဇူလိုင် ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မတော်တဆမှုကြောင့် အနည်းဆုံး လူ ၁၁၆ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက အတည်ပြုခဲ့သည်။...
ဆောပိုလို၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတောင်ပိုင်း ရီယိုဂရန်းဒေးဒိုဆိုလ်ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ရေကြီးမြေပြိုမှုများကြောင့် အကြီးအကျယ်ပျက်စီးခဲ့ကာ လူပေါင်း ၁၇၉ ဦး သေဆုံးခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသန္တရအရပ်ဘက် ကာကွယ်ရေးအေဂျင်စီက ဇူလိုင် ၁ ရက်က ပြောကြားလိုက်သည်။ ဧပြီ ၂၉...
ဂါဇာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့ မှ ဒုံးကျည်အစင်း ၂၀ ခန့်ကို အစ္စရေးဘက်သို့ ဇူလိုင် ၁ ရက်က ပစ်ခတ်ခဲ့ကြောင်း၊ ထိုနေ့တွင်ပင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ နေရာအများအပြား၌ စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ပါလက်စတိုင်း လက်နက်ကိုင်များအား သတ်ဖြတ်ခဲ့ကြောင်း...
ပဲရစ်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ၂၀၅၀ ခုနှစ်ရောက်လျှင် ကမ္ဘာ့ကုန်းမြေ၏ ၉၀ ရာခိုင်နှုန်းသည် ယိုယွင်းသွားနိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် လူသားတို့၏နေထိုင်မှုအပေါ် ကြီးမားသော အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ဇူလိုင် ၁ ရက်တွင် သတိပေးခဲ့ကြောင်း...
ဖနွမ်းပင်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်အတွင်း မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိသည့် ဧရာဝတီလင်းပိုင် ၁၀၅ ကောင်ခန့်အထိ ရှိလာကြောင်း စိုက်ပျိုးရေး၊သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီး ဒစ်သ်တီနာက ဇူလိုင် ၁ ရက်တွင် ပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်ပိုင်း ပရေးခေါရ်ခရိုင်တွင် ကျင်းပသည့် (၁၉) နှစ်မြောက်အမျိုးသားငါးနေ့...