မက်ဒရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၁၅ ရက်က ကိုဆိုဗိုအသင်းကို ၀-၂ ဂိုးရလဒ်ဖြင့် ရှုံးနိမ့်ခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဂိုးသမား ယန်းအိုဘလက်ခ်တွင် ကာယပိုင်းဆိုင်ရာဒဏ်ရာတစ်ခုရခဲ့ကြောင်း ဆလိုဗေးနီးယားလက်ရွေးစင်အသင်း နည်းပြ မတ်ဂျက်ဇ်ကက်ဇ်က ထုတ်ဖော်ဖွင့်ဟပြောဆိုခဲ့ပြီးနောက် အက်သလက်တီကို မက်ဒရစ် အသင်းကလည်း ၎င်းတို့၏ ဂိုးသမား အိုဘလက်ခ်ကို...
ဘာလင်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ ပေါ်တူဂီက အာမေးနီးယားကို ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ပြီး ထိုပွဲစဉ်၌ ဂျာအို နဲဗက်စ်နှင့် ဘရူနို ဖာနန်ဒက်စ်တို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။
ဟနွိုင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Khanh Hoa ပြည်နယ်တွင် မြေပြိုကျကာ ခရီးသည်တင်ဘတ်စ်ကား တစ်စီး နစ်မြုပ်ခဲ့ပြီးနောက် လူခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Tuoi Tre နေ့စဉ်သတင်းစာက နိုဝင်ဘာ ၁၇ ရက်၌ သတင်းဖော်ပြခဲ့သည်။
ဘေရွတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) လက်ဘနွန်တောင်ပိုင်းရှိ ၎င်း၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များအနီး အစ္စရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို ပြင်းထန်စွာချိုးဖောက်မှု တစ်ခုဖြစ်ကြောင်း လက်ဘနွန်ရှိ ကုလသမဂ္ဂယာယီတပ်ဖွဲ့(UNIFIL) က နိုဝင်ဘာ ၁၆ ရက်၌ စွပ်စွဲပြောဆိုခဲ့သည်။
မက်ဒရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဒင်းဟွေဆန်မှာ ကြွက်သားနာကျင်ကိုက်ခဲမှုကြောင့် စပိန်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့သည့်အတွက် နိုဝင်ဘာ ၁၈ ရက်တွင် တူကီယဲအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) က နိုဝင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
– တရုတ်နိုင်ငံ၏ ပထမဆုံး Type 076 ကုန်းရေနှစ်သွယ်သွား စစ်ရေယာဉ် “စီချွမ်း” ပင်လယ်ရေကြောင်းခရီး ပထမဆုံး စမ်းသပ်ခုတ်မောင်းမှု ပြီးစီး – အင်ဒိုနီးရှားနိုင်ငံတွင် လယ်ထွန်စက်မောင်းပြိုင်ပွဲ၌ တောင်သူလယ်သမားများ ပါဝင်ဆင်နွှဲ – ကျောက်ဂွမ်းညစ်ညမ်းမှုဖြစ်နိုင်ခြေရှိခြင်းကြောင့် ဩစတြေးလျနိုင်ငံရှိ စာသင်ကျောင်း ၇၀ ကျော်ပိတ်ထားရ – အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင်...
မကာအို၊ တရုတ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) နိုဝင်ဘာ ၁၆ ရက်က စိတ်လှုပ်ရှားဖွယ်ကောင်းသော ဗိုလ်လုပွဲတွင် ဟေးလုံကျန်းပြည်နယ်မှ ဝမ်မန့်ယွိက ဟဲပေပြည်နယ်မှ စွန်းရင်ဆားကို ရမှတ် ၄-၂ ဖြင့် အနိုင်ယူကာ တရုတ်နိုင်ငံ အမျိုးသားအားကစားပြိုင်ပွဲတွင် ၎င်း၏ အမျိုးသမီးတစ်ဦးချင်းချန်ပီယံဆုကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ပါလက်စတိုင်းနိုင်ငံတည်ထောင်မှုကို အစ္စရေးက ဆန့်ကျင်ကြောင်း၊ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ၏ လက်နက်အင်အားကို ဖယ်ရှားရမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက နိုဝင်ဘာ ၁၆ ရက်တွင် ထပ်မံပြောကြားခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဖလာမင်ဂိုအသင်းသည် နိုဝင်ဘာ ၁၅ ရက်က ဘရာဇီး စီးရီးအေပွဲစဥ်တွင် Sport Recife အသင်းကို တစ်ဂိုးပေးရပြီးနောက် ပြန်လည်ချေပကာ ကစားသမားကိုးဦးဖြင့်ကစားရသည့် Sport Recife အား ဒုတိယပိုင်း မိနစ် ၂၀ အတွင်း လေးဂိုးဆက်တိုက်သွင်းယူကာ ၅-၁...
ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ လီဂျေမြောင်အစိုးရအနေဖြင့် အရှေ့မြောက်အာရှနိုင်ငံသုံးနိုင်ငံ၏ တရားဝင် အစဉ်လိုက်ဖော်ပြမှုအား “တောင်ကိုရီးယား-တရုတ်-ဂျပန်” ဟူသည့် အသုံးပြုမှုများသော ဖော်ပြချက်ဖြင့် တစ်ပြေးညီအသုံးပြုရန် ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား သမ္မတရုံး သက်ဆိုင်ရာပုဂ္ဂိုလ်က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့ကြောင်း Yonhap သတင်းဌာန၏ ထိုနေ့...