ဖနွမ်းပင်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ဒေသတွင်း ဘက်စုံမဟာဗျူဟာမြောက် စီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ်များ (FTAs) က ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပို့ကုန်အမျိုးမျိုးကို မြှင့်တင်ရာတွင် အထောက်အကူပြုလျက်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက်က ဇွန် ၁၉ ရက်၌ ပြောခဲ့သည်။...
လန်ဒန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ပြီးခဲ့သည့် ရက်သတ္တပတ်က ပင်လယ်နီရေပြင်အတွင်း ဟူသီသူပုန်အုပ်စု၏ တိုက်ခိုက်မှုခံခဲ့ရသော ဂရိနိုင်ငံပိုင် ကျူတာကျောက်မီးသွေးတင် သင်္ဘောမှာ နစ်မြုပ်ခဲ့ပြီဖြစ်ကြောင်း သင်္ဘောဆယ်ယူရေး ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ ကျူတာကျောက်မီးသွေးတင် သင်္ဘောသည် ဇွန် ၁၂ ရက်က ပင်လယ်နီရေပြင်အတွင်း မောင်းနှင်နေစဉ် ဒုံးကျည်များဖြင့် တိုက်ခိုက်ခံခဲ့ရသည့်အပြင်...
ဘရပ်ဆဲလ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ၏ တရုတ်နိုင်ငံ စီးပွားရေး သတင်းအချက်အလက်ဝန်ဆောင်မှုနှင့် ဥရောပသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်း (CCCEU) တို့က ဥရောပရှိ တရုတ် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် (NEV) ထုတ်လုပ်သူများဆိုင်ရာ အစီရင်ခံစာကို ဇွန် ၁၉ ရက်က ပူးတွဲကြေညာခဲ့ကြောင်း သိရသည်။
မနီလာ၊ဇွန် ၂၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်ပြည်နယ်တွင် ဇွန် ၁၉ ရက်က ဗင်ကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်း ဆိုင်တိုက်မိခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသော ရေကြီးမှုအခြေအနေသည် ဆိုးရွားလာပြီး ယခုအချိန် အထိ ၃၁ ဦး သေဆုံးခဲ့ပြီးဖြစ်သည်ဟု အရာရှိများက ဇွန် ၁၉ ရက်တွင် ပြောကြားသည်။
ဘရာဇီး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်းရှိ Rio Grande do Sul ပြည်နယ်တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် သေဆုံးသူ ၁၇၇ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးသူ ၃၇ ဦးရှိကြောင်း ဇွန် ၁၈ ရက်တွင် ယင်းပြည်နယ်ပြည့်သူကာကွယ်ရေးဌာနက ထုတ်ပြန်သော...
အူလန်ဘာတာ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ ယခုနှစ်အတွင်း ရာသီဥတုကြမ်းတမ်းမှုကြောင့် ငါးလတာကာလအတွင်း မွေးမြူရေးတိရစ္ဆာန် အကောင်ရေ ရှစ်သန်းနီးပါးသေဆုံးကြောင်း သိရသည်။ ထိုပမာဏသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက မွေးမြူရေး တိရစ္ဆာန်သေဆုံးမှုနှုန်း ၂ ဒသမ ၂ ဆ မြင့်တက်လာခြင်းဖြစ်သည်။ ချမ်းအေးလွန်းသော ဆောင်းရာသီနှင့်အတူ နှင်းများထူထပ်စွာကျဆင်းခြင်း၊...
ကုလသမဂ္ဂ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ငြိမ်းချမ်းရေးကို ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရန်၊ ဟန်ချက်ညီမှု၊ ထိရောက်မှုနှင့်ရေရှည်ဖြစ်သော ဥရောပတိုက်လုံခြုံရေး မူဘောင် တည်ဆောက်ရန်မှာ သက်ဆိုင်ရာဘက်ပေါင်းစုံ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီသလို နိုင်ငံတကာအသိုက်အဝန်း၏ ဘုံမျှော်မှန်းရာလည်း ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်...
နိုင်ရိုဘီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ၌ စားရေရိက္ခာအကူအညီလိုအပ်သူ ၁ ဒသမ ၉ သန်းခန့်ရှိကြောင်းနှင့် ဇွန်လနှင့် ဩဂုတ်လအတွင်း စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုစီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ဇွန် ၁၈ ရက်နေ့တွင်ပြောသည်။ စားရေရိက္ခာမလုံလောက်မှုအခြေအနေမှာ မိုးနည်းရေရှားအရပ်ဒေသများ၌ ဇွန်-ဇူလိုင်-ဩဂုတ်လများအတွင်း ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း အဆိုပါ အာဏာပိုင်အဖွဲ့ကပြောသည်။...
ဘရပ်ဆဲလ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ဘယ်လ်ဂျီယံနိုင်ငံ Belga သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် Patrick Lacroix နှင့် အေဂျင်စီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ဘရပ်ဆဲလ်မြို့တွင် ဇွန် ၁၈ ရက်က နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။...