ဂျေရုဆလမ်၊ မေ ၂၇ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် မေ ၂၆ ရက်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အနောက်ဘက်ကမ်းဒေသ ဟားမက်စ် စစ်ဦးစီးချုပ် Yassin Rabia သေဆုံးသွားခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က မေ ၂၇ ရက်၌ ကြေညာခဲ့သည်။ (Xinhua)...
ဒါကာ၊ မေ ၂၇ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ရီမယ် (လ်) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယကမ်းရိုးတန်းများသို့ မေ ၂၆ ရက် ညပိုင်းက ဝင်ရောက်ခဲ့ကြောင်း၊ မုန်တိုင်းဝင်ရောက်ပြီးနောက် ဒေသစံတော်ချိန် ည ၈ နာရီတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်ရှိ ကမ်းရိုးတန်းတစ်လျှောက်...
ကိုလံဘို၊ မေ ၂၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ရာသီဥတုဆိုးဝါးပြီး သစ်ကိုင်းများကျိုးကျမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း၊ လူနေအိမ် ၁,၂၄၆ လုံး ပျက်စီးခဲ့ပြီး လူပေါင်း ၃၄,၈၈၀ ဦး ရာသီဥတုဆိုးဝါးမှုဒဏ်ခံစားခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုစင်တာ ညွှန်ကြားရေးမှူး Pradeep Kodippili က...
ဂါဇာ၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့၊ ရာဖာတိရစ္ဆာန်ရုံရှိ တိရစ္ဆာန်များအတွက် နေရာအသစ် တွေ့ရှိပြီဖြစ်သဖြင့် ရာဖာမြို့၌ လတ်တလောဖြစ်ပွားနေသော အစ္စရေး တိုက်ခိုက်မှုများမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/TNx …………………………………….. (English Version)...
ဆန်နား၊ မေ ၂၅ ရက် (ဆင်ဟွာ) ပင်လယ်နီ၊ အာရေဗျပင်လယ်နှင့် မြေထဲပင်လယ်တို့အပါအဝင် ဒေသတွင်းရှိ ရေကြောင်းသွားလာရေးလမ်းကြောင်း အတွင်းရှိ ကုန်တင်သင်္ဘောများအား တိုက်ခိုက်နိုင်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုများတွင် ဟူသီသူပုန်များက အာရေဗျပင်လယ်ကို ကူးဖြတ်နေသည့် အစ္စရေးအလံလွှင့်ထူထားသော ကုန်တင်သင်္ဘောတစ်စင်းအား ပဲ့ထိန်းဒုံးကျည်များဖြင့် ဦးစွာ...
ဆစ်ဒနီ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပါပူအာနယူးဂီနီနိုင်ငံ မြောက်ပိုင်းတွင် ကြီးမားသောမြေပြိုမှုကြောင့် လူပေါင်း ၃၀၀ ကျော် မြေအောက်နစ်မြုပ်သွားခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ မြို့တော် ပို့မော့စ်ဘီမှ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀ ကျော်အကွာရှိ အန်ဂါပြည်နယ် Kaokalam ကျေးရွာ၌ ဒေသစံတော်ချိန် နံနက်...
ကမ်ပလာ၊ မေ ၂၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသော ယူဂန္ဓာနိုင်ငံသား ၂၃ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး နေရပ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း ယူဂန္ဓာအစိုးရက မေ ၂၃ ရက်က ပြောကြားခဲ့သည်။ လစာကောင်းသော အလုပ်အကိုင်များ ရရှိမည်ဟု ကတိစကားများဖြင့် လိမ်လည်လှည့်ဖျားခံရပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် ထိန်းသိမ်းခံထားရသော...
ကရာကက်စ်၊ မေ ၂၄ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း ဘိုလီဗာပြည်နယ်၌ သတ္တုတွင်း ပြိုကျမှုကြောင့် လေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင် များက မေ ၂၂ ရက်တွင်ပြောသည်။ ပွာဂါတိုရီယို သတ္တုတွင်းခရိုင်တွင် သတ္တုတွင်းတစ်တွင်း ပြိုကျမှုဖြစ်ခဲ့ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုက အစီရင်ခံစာတင်ပြထားသည်။ တရားမဝင် သတ္တုတွင်းပြိုကျမှုကြောင့် လေးဦးသေဆုံးခဲ့ကြောင်း...
ဟနွိုင်း၊ မေ ၂၄ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ အိမ်ခန်းငှားအဆောက်အအုံတစ်ခု မေ ၂၄ ရက် နံနက်အစောပိုင်းက မီးလောင်မှုကြောင့် လူ ၁၄ ဦး သေဆုံးပြီး အခြားသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။ ဧရိယာ စတုရန်းမီတာ ၁၀၀...
ဆစ်ဒနီ၊ မေ ၂၄ ရက် (ဆင်ဟွာ) ပါပူအာနယူးဂီနီနိုင်ငံရှိ ဝေးလံခေါင်သီသောကျေးရွာတစ်ရွာတွင် ကြီးမားသောမြေပြိုမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း Australian Broadcasting Corporation (ABC) က မေ ၂၄ ရက်၌ သတင်းဖော်ပြခဲ့သည်။ အဆိုပါဖြစ်ရပ်မှာ ပို့မော့စ်ဘီမြို့မှ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀၀...