ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်အနေဖြင့် ဥရောပသမဂ္ဂကို စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်ပြီး ၎င်းကို “အမြန်ဆုံး” ကြေညာသွားမည် ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ ခြုံငုံပြောရမည်ဆိုလျှင် ဥရောပသမဂ္ဂအပေါ် စည်းကြပ်ခွန်နှုန်းထားကို...
ဒါရာ (ဆီးရီးယား)၊ ဖေဖာ်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ဆီးရီးယားနိုင်ငံ တောင်ပိုင်းသို့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်က ထိုနေ့ညပိုင်းတွင် ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ ကွပ်ကဲရေးဗဟိုသော့ချက်နှင့်...
— စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်တွင် ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ် လေးဂိုးစီ သရေရလဒ်ထွက်ပေါ် ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းက ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးများဖြင့် ၄ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ကာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသများကို ပေးစွမ်းနိုင်ခဲ့သည်။...
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ရေရှည်အပစ်ရပ်ရေးအား အတည်ပြုအာမခံနိုင်ရန် ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်ကို ဘက်စုံ တစိုက်မတ်မတ် ဖော်ဆောင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပါလက်စတိုင်း-အစ္စရေး အရေး တံခါးဖွင့်အစည်းအဝေး၌ ပြောကြားခဲ့သည်။...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ၎င်းနိုင်ငံရှိစီမံကိန်းတွင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားသားများက နေထိုင်ခွင့်ရရှိကာ နောက်ဆုံး နိုင်ငံသားဖြစ်ခွင့်ရမည့် လမ်းကြောင်းအသစ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်...
ဘာလင်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်ဆိပ်ကမ်း၏ တရုတ်နိုင်ငံသို့ ကွန်တိန်နာ အဝင်အထွက်ပမာဏမှာ TEU ၂.၂ သန်း ရှိပြီး ၂၀၂၃ ခုနှစ် ကာလတူထက် ၀.၇ ရာခိုင်နှုန်းတိုးလာရာ ဆိပ်ကမ်း စုစုပေါင်း အဝင်အထွက်ပမာဏ၏ ၃၀ ရာခိုင်နှုန်းနီးပါးရှိသဖြင့်...
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်က ယူကရိန်းထံမှ သတ္တုအရင်းအမြစ် ရယူသည့် သဘောတူညီချက်တစ်ရပ်နှင့်စပ်လျဉ်း၍ အမေရိကန်-ယူကရိန်း နှစ်ဖက်သဘောတူညီမှု ရရှိခဲ့ကြောင်း၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်သို့ သွားရောက်၍ အမေရိကန် သမ္မတ ထရမ့်နှင့် ယင်းသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်...
အဓိကအားဖြင့် အမေရိကန်၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ အရှိန်မြင့်တက်လာချိန်တွင် ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု (RCEP) အနေဖြင့် အာရှ-ပစိဖိတ်ဒေသ၌ လွတ်လပ်သော ကုန်သွယ်ရေးနှင့် နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒတို့အား အဓိက ထောက်ခံအားပေးသူအဖြစ် ပေါ်ထွက်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်၌ စတင်အသက်ဝင်လာခဲ့သည့် RCEP သဘောတူညီချက်၌...
နိုင်ရိုဘီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လယ်နှင့် ခုနစ်ကီလိုမီတာခန့်သာ ကွာဝေးသော နိုင်ရိုဘီ အမျိုးသားဥယျာဉ်မှာ မြို့ကြီးတစ်မြို့၏ ဝင်ပေါက်တွင်တည်ရှိသော ကမ္ဘာပေါ်ရှိ အမျိုးသားဥယျာဉ် အနည်းငယ်ထဲတွင် အပါအဝင်ဖြစ်ကာ နို့တိုက်သတ္တဝါမျိုးစိတ်ပေါင်း ၁၀၀ ကျော်နှင့် ငှက်မျိုးစိတ် ၅၀၀ ကျော် မှီတင်းနေထိုင်လျက်ရှိကြောင်း မှတ်တမ်းအရ သိရသည်။...
ကိဗ်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) ဥရောပသမဂ္ဂဘက်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ယူကရိန်းအစိုးရထံ သတ္တုထုတ်ကုန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်စောင် ပေးပို့ခဲ့ကြောင်း Interfax-Ukraine သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် ဖော်ပြသောသတင်းအရ သိရသည်။ ယူကရိန်း ပြန်လည်ထူထောင်ရေးအတွက် ယူရို ၅၀၀ ဘီလီယံ...