ကွာလာလမ်ပူ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI)မှတစ်ဆင့် တရုတ်-မလေးရှား နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနီးကပ်လာကြောင်း မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီး တန်ကူဇာဖရောအဗ္ဗဒူအဇစ်က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံမျှဝေသည့် အခမ်းအနားတွင်...
ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၌ အရေးပါသော ခရီးသွားလုပ်ငန်းတွင် အနည်းဆုံး ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုရှိရန် ရည်မှန်းချက်ထားကာ ဝင်ငွေ ၃ ဒသမ ၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၁၆...
ဖနွမ်းပင်၊ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ တရုတ်နိုင်ငံမှ လျှပ်စစ်ကားကုမ္ပဏီ BYD က ကားထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း ဝန်ကြီးချုပ်ဟွန်မန်နက်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ လျှပ်စစ်ကားကုမ္ပဏီ BYD ၏ အာရှ-ပစိဖိတ်ဒေသ အရောင်းဌာန အထွေထွေမန်နေဂျာ Liu...
ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် စီးပွားရေးတိုးတက်မှုကို ၅ ရာခိုင်နှုန်းရှိမည်ဟု နောက်ဆုံးထွက်ရှိထားသော ကမ္ဘာ့စီးပွားရေးခန့်မှန်းချက် (WEO) တွင် ဇူလိုင် ၁၆ ရက်၌ ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ဧပြီလက ၄.၆ ရာခိုင်နှုန်းဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်ကြောင်း...
ဘန်ကောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်တစ်ခုတွင် ဇူလိုင် ၁၆ ရက်က နိုင်ငံခြားသား ၆ ဦးကို သေဆုံးလျက်သားတွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူများမှာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်ကာ အခန်းတစ်ခုထဲတွင် သေဆုံးနေခြင်းဖြစ်ကြောင်း၊ သေဆုံးရသည့်အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ဘန်ကောက်မြို့တော်...
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မိုးသက်မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၅၀ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ နန်ဂါဟာပြည်နယ် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားရေးမှူး Qurishi Badlon က...
ဒမတ်စကပ်စ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အစ္စရေးက ဆီးရီးယားနိုင်ငံအပေါ် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေမည်ဆိုပါက ဆိုးရွားသည့်အကျိုးဆက်များကို ရင်ဆိုင်ရလိမ့်မည်ဟု ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။ ဆီးရီးယားနိုင်ငံမြို့တော် ဒမတ်စကပ်စ်နှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များအား အစ္စရေး၏ တိုက်ခိုက်မှုများအပြီးတွင် ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောကြားခဲ့ ခြင်းဖြစ်သည်။ ဆီးရီးယားနိုင်ငံသည် နိုင်ငံတကာ ဥပဒေပါပြဋ္ဌာန်းချက်များအရ...
ကင်ဘာရာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ကြက်ငှက်တုပ်ကွေးရောဂါအမျိုးအစားသုံးမျိုးမှ မကြုံစဖူးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း အမျိုးသားသိပ္ပံအေဂျင်စီမှ ကျွမ်းကျင်သူများကပြောသည်။ ဓနသဟာယသိပ္ပံနှင့် စက်မှုသုတေသနအဖွဲ့၏ ဩစတြေးလျရောဂါ ကြိုတင်ပြင်ဆင်ရေးဗဟိုဌာနမှ ပညာရှင်များဖြစ်သည့် ဒယ်ဘီအီးဂဲစ်နှင့် ဖရန့်ခ်ဝေါင်တို့က ဩစတြေးလျတွင် ပြင်းထန်သည့် ရောဂါဖြစ်စေနိုင်သော H7 ကြက်ငှက်တုပ်ကွေးမျိုးကွဲ သုံးမျိုးကို ၂၀၂၄ ခုနှစ်၌...
ခတ္တမန္ဒူ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) နီပေါကွန်မြူနစ်ပါတီဥက္ကဋ္ဌ ကေပီရှာမာအိုလီသည် နီပေါနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် ဇူလိုင် ၁၅ ရက်က သမ္မတအိမ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုသည်။ အသက် ၇၂ နှစ်အရွယ် အိုလီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲကို သမ္မတ ရမ်ချန်ဒရာပူဒယ်အမှူးပြု၍ ကျင်းပခဲ့ပြီး ယခုအကြိမ်သည် အိုလီ၏ လေးကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို...
မီလ်ဝေါ်ကီ၊ အမေရိကန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ရီပက်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် လပေါင်းများစွာ ထင်ကြေးပေးခံခဲ့ရသော အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ပါတီ၏ တရားဝင်အမည်စာရင်းတင်သွင်းရန် ဇူလိုင် ၁၅ ရက်က ကိုယ်စားလှယ်မဲအရေအတွက် အလုံအလောက်ရရှိခဲ့ကြောင်း သိရသည်။ လွန်ခဲ့သောနှစ်ရက်အကြာက လုပ်ကြံရန်ကြိုးပမ်းမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သော သမ္မတဟောင်း ထရမ့်သည်...