ဘန်ကောက်၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးသစ် ဆေထာ ထဝီဆင်က နိုင်ငံအတွင်း တရုတ်ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်ရေးအတွက် ရည်ရွယ်ထားသော ဆောင်ရွက်ချက်များကို ထုတ်ပြန်မည်ဟု ဩဂုတ် ၂၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်ကြသော ဖူးခက်ကျွန်းသို့ တရုတ်ခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်မှုမှာ ကပ်ရောဂါမတိုင်မီအဆင့်ကထက် လျော့နည်းနေဆဲဖြစ်ကြောင်းနှင့်...
ဆိုးလ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဖူကူရှီးမား စသည့်နေရာများ၏ ရေထွက်ကုန် တင်သွင်းခွင့် တားမြစ်မိန့်ကို ဆက်လက်ထားရှိမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ ဖူကူရှီးမား နျူကလီးယား ရေဆိုးများ ပင်လယ်အတွင်းသို့ စတင်စွန့်ထုတ်သည့် ကိစ္စနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားဝန်ကြီးချုပ် Han Duk-soo က ပြည်သူများအား ဩဂုတ်...
ဗီယင်ကျန်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် လာအို၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အားကောင်းစေမည့်နည်းလမ်းများ ဆွေးနွေးရန်လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲကို ဩဂုတ် ၂၂ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး လာအိုနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း...
ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်-အာဖရိက ခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဩဂုတ် ၂၄ ရက်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပြီး ခေတ်မီအသွင်ပြောင်းရေးအတွက် တရုတ်နိုင်ငံနှင့် အာဖရိက အတူတကွ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံက အာဖရိကဒေသ၏ စက်မှုအသွင်ပြောင်းရေးအတွက် ပံ့ပိုးကူညီခြင်းဆိုင်ရာ အဆိုပြုချက်...
ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) BRICS တွင် ပါဝင်ရန် အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယား၊ အီရန်၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု စသည့် နိုင်ငံ ၆ နိုင်ငံကို ဖိတ်ကြားရန် BRICS ခေါင်းဆောင်များက ဩဂုတ် ၂၄ ရက်၌ သဘောတူခဲ့ကြကြောင်း သိရသည်။...
ဂျိုဟန်နာဘတ်စ်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အနေဖြင့် အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားပေးရန်နှင့် စီးပွားရေးဆက်ဆံမှု အပြည့်အဝဆောင်ရွက်နိုင်ရန် ဩဂုတ် ၂၃ ရက်က တိုက်တွန်းခဲ့သည်။ သမ္မတ ရှီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh...
တိုကျို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံရှိ အကြီးအကျယ်ပျက်စီးခံထားရသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယားစွမ်းအင်စက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများကို သမုဒ္ဒရာအတွင်းသို့ ဩဂုတ် ၂၄ ရက်က စတင်စွန့်ထုတ်လိုက်ကြောင်း သိရသည်။ ဒေသခံ ငါးဖမ်းသမားများအပြင် အိမ်နီးချင်းနိုင်ငံများနှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ စိုးရိမ်ပူပန်မှုများနှင့် အဆက်မပြတ် ကန့်ကွက်ဆန္ဒပြနေသည့်ကြားမှ ရေဆိုးစွန့်ထုတ်မှုကို...
မော်စကို၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) မော်စကိုအား တိုက်ခိုက်သည့် ယူကရိန်း ဒရုန်းယာဉ် ၃ စင်းကို ရုရှားစစ်တပ်က ဖျက်ဆီးနိုင်ခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် လူသေဆုံး ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အချင်းဖြစ်ပွားသည့်နေ့ ဩဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ဩဂုတ် ၂၃ ရက်...
ဘန်ကောက်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ် လောင်ကွန်း (Maha Vajiralongkorn) သည် ဆေထာ ထဝီဆာ (Srettha Thavisin) အား ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရန် ခွင့်ပြုလိုက်ကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၃ ရက်၌...
ဘန်ကောက်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်လောင်း ဆေထာ ထဝီဆင် (Srettha Thavisin) က ဩဂုတ် ၂၂ ရက်၌ ဝန်ကြီးချုပ်သစ်ဖြစ်လာရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာ၌ အများစုထောက်ခံမဲရရှိခဲ့ကြောင်း သိရသည်။ အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း အသက် ၆၀...