ကုလသမဂ္ဂ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေညီလာခံက ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ သုံးနှစ်တာသက်တမ်းအတွက် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သော လူ့အခွင့်အရေးကောင်စီတွင် တာဝန်ထမ်းဆောင်ရန် နိုင်ငံ ၁၅ နိုင်ငံကို အောက်တိုဘာ ၁၀ ရက်၌ ရွေးချယ်လိုက်ကြောင်း သိရသည်။...
ဒါကာ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) Padma Bridge Rail Link Project (PBRLP) ၏ ပထမဆုံးရထားသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာစီနာအား တင်ဆောင်လျက် မြို့တော် ဒါကာအပြင်ဘက်ရှိ ဘူတာရုံသစ်တစ်ခုမှ အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် နေ့လယ် ၁၂:၅၉...
ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အထက်လွှတ်တော် အများစု ခေါင်းဆောင် Chuck Schumer ဦးဆောင်သည့် အထက်လွှတ်တော် ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့နှင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။...
ဟာရတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်တွင် အောက်တိုဘာ ၁၁ ရက်၌ အင်အား ၆.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ လူ ၈၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မူရတ်အမည်ရှိသော ဆရာဝန်တစ်ဦးက ပြောခဲ့သည်။ ဒဏ်ရာရသူအများစုကို Rubat Sangi...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ ဟားမက်စ်အဖွဲ့၊ လက်ဘနွန်နိုင်ငံရှိ စစ်သွေးကြွများနှင့် လက်ရှိ ပဋိပက္ခဖြစ်ပွားမှုကို အထောက်အကူဖြစ်စေရန် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ပထမဆုံး အမေရိကန်လေယာဉ် အစ္စရေးနိုင်ငံသို့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ရောက်ရှိလာခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောခဲ့သည်။ အဆင့်မြင့်လက်နက်ခဲယမ်းများ တင်ဆောင်လာသော...
ဂျေရုဆလမ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံမှ ဖြတ်ကျော်လာသော စစ်သွေးကြွများနှင့် ဖြစ်ပွားသောတိုက်ခိုက်မှုအတွင်း အစ္စရေး ကြည်းတပ် ဒုတိယဗိုလ်မှူးချုပ် သေဆုံးခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားခဲ့သည်။
ကိုလံဘို၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံရှိ ခရိုင် ၁၃ ခုမှ ပြည်သူ ၇၁,၀၀၀ ကျော်မှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရကြောင်း သဘာဝဘေးအန္တရယ် စီမံခန့်ခွဲမှုစင်တာ (DMC) က အောက်တိုဘာ ၉ ရက်၌ ပြောကြားခဲ့သည်။ ရေကြီးရေလျှံမှုများနှင့် မြေပြိုကျမှုများကြောင့်...
ဝါရှင်တန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ဟားမက်စ်တိုက်ခိုက်ရေးသမားများကြား ပဋိပက္ခအရှိန်မြင့်တက်နေသည့်ကြားမှ အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်က အစ္စရေးအား ထောက်ခံမှုကို ဖော်ပြသည့်အနေဖြင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသဆီသို့ စစ်ရေယာဉ်များနှင့် တိုက်လေယာဉ်များ စေလွှတ်ထားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အောက်တိုဘာ ၈ ရက်၌ ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောတစ်စင်း၊ ပဲ့ထိန်းဒုံးကျည်စစ်သင်္ဘောတစ်စင်း၊...
ဂျေရုဆလမ်/ဂါဇာ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံအတွင်း ဟားမက်စ်က ရုတ်တရက်တိုက်ခိုက်မှုကြောင့် လူ ၇၀၀ ထက်မနည်းသေဆုံးခဲ့ပြီး အစ္စရေးကလည်း ဂါဇာဒေသသို့ လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁၃ ဦး သေဆုံးခဲ့ပြီးနောက် အောက်တိုဘာ ၈ ရက်၌ “စစ်မက်ဖြစ်ပွားနေကြောင်း” အစ္စရေးအစိုးရအဖွဲ့က ကြေညာခဲ့သည်။ ဟားမက်စ်စစ်သွေးကြွများက...
ဟာရတ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟာရတ်ပြည်နယ်နှင့် အနီးဝန်းကျင်ပြည်နယ်များတွင် ငလျင်များလှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂,၄၄၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဟာရတ် အာဏာပိုင်များက အောက်တိုဘာ ၈ ရက် ညပိုင်း၌ ပြောကြားခဲ့သည်။ ငလျင်ဒဏ်အဆိုးဝါးဆုံးခံစားခဲ့ရသော ဒေသမှာ ကျေးရွာ ၁၃ ရွာ...