လန်ဒန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ရက်အနည်းငယ်အတွင်း ဗြိတိန်နိုင်ငံ နေရာအများအပြား၌ ဖြစ်ပွားသည့် ဆူပူအုံကြွမှုများကို ကိုင်တွန်ရန် ဗြိတိန်အစိုးရက ဩဂုတ် ၅ ရက်တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ရန် ကျွမ်းကျင်သော ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် “အရန်တပ်ဖွဲ့” တစ်ဖွဲ့ကို ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင်...
နယူးဒေလီ၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် ၎င်း၏အစိုးရပြုတ်ကျပြီးနောက် နိုင်ငံမှထွက်ပြေးသွားခဲ့ရာ ဗြိတိန်နိုင်ငံတွင် ခိုလှုံခွင့်ရသည်အထိ အိန္ဒိယနိုင်ငံ၌ နေထိုင်ဖွယ်ရှိကြောင်း Republic World ရုပ်မြင်သံကြားသတင်းချန်နယ်က ဩဂုတ် ၆ ရက်၌ သတင်းဖော်ပြခဲ့သည်။ အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် မကြုံစဖူး...
တီဟီရန်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ Pezeshkian သည် တီဟီရန်မြို့တော်၌ ဩဂုတ် ၅ ရက်တွင် အီရန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ရုရှားနိုင်ငံ ဖက်ဒရေးရှင်းလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်းရေးမှူး Shoigu နှင့် တွေ့ဆုံခဲ့ရာ ရုရှားနိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်ပြီး ရုရှားနှင့် မဟာဗျူဟာမြောက်...
ကိုင်ရို၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် နှစ်လအတွင်း ဆူဒန်နိုင်ငံ နေရာအများအပြား၌ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးမှုများ ဖြစ်ပွားခြင်းကြောင့် လူ ၃၂ သေဆုံးပြီး ၁၀၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပြည်နယ်အသီးသီးမှ တင်ပြသော အစီရင်ခံစာများ အရ...
ပဲရစ်၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲတွင် အသက် ၃၄ နှစ်အရွယ် Li Yuehong က ၂၅ မီတာ ပစ္စတိုအမြန်ပစ်ပြိုင်ပွဲ၌ အနိုင်ရရှိခဲ့ပြီးနောက် တရုတ်နိုင်ငံအတွက် ပဉ္စမမြောက် သေနတ်ပစ်အားကစား ရွှေတံဆိပ်ဆုကို ဩဂုတ် ၅ ရက်က ဆွတ်ခူးရရှိနိုင်ခဲ့ပြီး...
ကိုင်ရို၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Badr Abdelatty နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့သည် အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော တင်းမာမှုနှင့် ယင်းအခြေအနေကို ထိန်းသိမ်းရန် နည်းလမ်းများကို ဩဂုတ် ၅ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြရာ Abdelatty...
ဘေရွတ်၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဟစ်ဇ်ဘိုလာအဖွဲ့သည် ဩဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ” ကတ်ယုရှ ” ဒုံးကျည် ဒါဇင်နှင့်ချီ ပစ်ခတ်ခဲ့သည်ဟု လက်ဘနွန်ဟစ်ဇ်ဘိုလာပိုင် Al-Manar ရုပ်မြင်သံကြားဌာန၏ သတင်းကြေညာချက်အရ သိရသည်။ ယင်းမှာ အစ္စရေးနိုင်ငံက လက်ဘနွန်တောင်ပိုင်းဒေသအား ဩဂုတ်...
ဒတ်ကာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ယူကရိန်းနှင့် သံတမန်အဆက်အသွယ် ချက်ချင်း ဖြတ်တောက်ကြောင်း မာလီနိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရက ဩဂုတ် ၄ ရက်တွင် ကြေညာခဲ့သည်။ မကြာသေးမီက ယူကရိန်းစစ်ထောက်လှမ်းရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Andriy Yusov က ပြောကြားခဲ့သည့် “မထင်မှတ်ဖွယ် အပြောင်းအလဲဖြစ်စေသည့်” စကားကို...
ရာမာလာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဂါဇာဒေသတွင် အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီရန် Near East ရှိ ပါလက်စတိုင်းဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအေဂျင်စီ (UNRWA) ထံ အမေရိကန်ဒေါ်လာ ၃ သန်း ဩဂုတ် ၁ ရက်က လှူဒါန်းခဲ့ကြောင်း...
ဒါကာ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန္ဒပြမှုများဖြစ်ပွားနေချိန်အတွင်း ဝန်ကြီးချုပ် ရှိတ်ဟာစီနာသည် ဩဂုတ် ၅ ရက်၌ ရာထူးမှနုတ်ထွက်သွားခဲ့ကြောင်း သိရသည်။ ၎င်း၏ အာဏာရ Bangladesh Awami League (AL) ပါတီက ယခုနှစ် ဇန်နဝါရီလ၌ ပါလီမန်ရွေးကောက်ပွဲအတွင်း အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် အသက်...