နယူးဒေလီ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဩဒိဿပြည်နယ်၌ အပူလျှပ်ခြင်းဟု သံသယဖြစ်ဖွယ် အခြေအနေကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု အေအိုင်အာရေဒီယိုတွင် မေ ၃၁ ရက်ကဖော်ပြသည်။ မေ ၃၀ ရက်ကဖြစ်ပွားခဲ့သည့် သေဆုံးမှုများမှာ လက်ရှိဖြစ်ပေါ်နေသသည့် အပူလှိုင်းနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ဆရာဝန်များက...
ကဘူးလ်၊ ဇွန် ၁ ရက် (ဆင်ဟွာ) လွန်ခဲ့သည့် နှစ်ရက်ကျော်အတွင်း အိမ်နီးချင်း ပါကစ္စတန်နိုင်ငံမှ မွေးရပ်ဌာနေ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာသည့် နေရပ်ပြန် ၉၀၀ ကျော် ရှိကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက မေ ၃၁ ရက်ထုတ်ပြန်ချက်တွင် ပြောကြားသည်။ အဆိုပါဒုက္ခသည်များသည် တော်ခမ်းနှင့် စပင်ဘော်ဒတ်နယ်စပ် မြို့တို့မှတစ်ဆင့်...
နယူးယောက်၊ မေ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲမတိုင်မီ ၂၀၁၆ ခုနှစ်က လိင်ဖျော်ဖြေရေးမင်းသမီးတစ်ဦးအား နှုတ်ပိတ်ငွေပေးခြင်းကို ဖုံးကွယ်ရန် စီးပွားရေးမှတ်တမ်းများလိမ်လည်မှု ၃၄ မှုလုံး၌ အပြစ်ရှိကြောင်း နယူးယောက်ရှိ ဂျူရီအဖွဲ့က မေ ၃၀ ရက်၌ တွေ့ရှိခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို...
ဟနွိုင်း၊ မေ ၃၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ယခုနှစ် ပထမ ငါးလအတွင်း ဗီယက်နမ်ဒေါင် ၆၀၁ ဒသမ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၆ ဘီလီယံ) ကျော် တန်ဖိုးရှိသည့် စီမံကိန်းပေါင်း ၆၄,၈၀၀ ကို စတင်ဆောင်ရွက်လျက်ရှိကြောင်း အထွေထွေစာရင်းအင်းရုံးမှ...
ဂျီနီဗာ၊ မေ ၃၁ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တုနည်းပညာ ထိပ်သီးဆွေးနွေးပွဲကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် မေ ၃၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို ဆွစ်ဇာလန်အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးသမဂ္ဂနှင့် ကုလသမဂ္ဂအဖွဲ့အစည်း ၄၀ တို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။...
ဗီယင်ကျန်း၊ မေ ၃၀ ရက် (ဆင်ဟွာ) လာအိုအစိုးရသည် ၂၀၂၅ ခုနှစ်မတိုင်မီ နိုင်ငံတစ်ဝန်း သစ်တော ဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းရရှိရေး ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်း အဖြစ် ၂၀၂၄ ခုနှစ်အတွင်း မြေဧက ၄၂ ,၀၀၀ တွင် သစ်ပင်ပေါင်း ၃၄ သန်းစိုက်ပျိုးသွားရန် ပြင်ဆင်နေကြောင်း...
အစ္စလာမ်မာဘတ်၊ မေ ၃၀ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း အဝေးပြေးလမ်းတစ်လမ်းပေါ်၌ အရှိန်ဖြင့် မောင်းနှင်လာသည့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး ကျောက်သားတောင်ကြားအောက် ထိုးကျခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံး၍ အခြားသူ ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးသည်တင် ဘတ်စ်ကားမတော်တဆမှုသည် ဘလူချီစတန်ပြည်နယ်...
ဂျိုဟန်နာဘတ်စ် ၊ မေ ၃၀ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ၌ မေ ၂၉ ရက်က အထွေထွေရွေးကောက်ပွဲများကျင်းပခဲ့ရာ မဲဆန္ဒရှင်ပြည်သူများပါဝင်မဲပေးခဲ့ကြသည်။ အဆိုပါ အထွေထွေရွေးကောက်ပွဲတွင် တောင်အာဖရိကပြည်သူများသည် ပြည်နယ်လွှတ်တော်သစ်တို့အတွက် အမတ်သစ်များရွေးချယ်ပေးကြရမည်ဖြစ်သည်။ တောင်အာဖရိက အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်းလူဦးရေ ၆၂ သန်းအနက် ၂၇ သန်းတို့ ပါဝင်မဲပေးမည်ဖြစ်သည်။ ရွေးကောက်ပွဲပြီးဆုံးပြီး...
ရာမာလာ၊ မေ ၃၀ ရက် (ဆင်ဟွာ) ပါလက်စတိုင်းပြည်သူများသည် တရုတ်နိုင်ငံက ပါလက်စတိုင်းတရားမျှတမှု အထူးသဖြင့် ပါလက်စတိုင်းအား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာရန် ထောက်ခံအားပေးခဲ့ခြင်း အတွက် အမြဲ ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်း အမြဲတမ်းလေ့လာသူ Riyad Mansour က ဆင်ဟွာသတင်းဌာန၏ မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင်...
အာသံ၊ မေ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နေရာအများအပြားတွင် အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) ၏ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua) …………………………….. (Chinese Version) 热带气旋“雷马尔”致印度东北部洪水泛滥 阿萨姆(印度),2024年5月30日 受热带气旋“雷马尔”引发的强降雨影响,印度东北部多地洪水泛滥。 图说: 这是5月29日在印度东北部阿萨姆邦拍摄的洪水景象。新华社发