ကိုလံဘို၊ မေ ၂၁ ရက် (ဆင်ဟွာ) မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သီရိလင်္ကာ၏ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး သူစီသာ ဝေဒရာသ်နီက မေ ၂၀ ရက်တွင် သတင်းထောက်များအားပြောကြားသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မေ...
ဗီယင်ကျန်း၊ မေ ၂၁ ရက် (ဆင်ဟွာ) လာအိုနိုင်ငံတွင်ဆေးလိပ်သောက်သုံးမှုနှင့်ဆက်စပ်ပြီး နှစ်စဉ်လူပေါင်း ၆,၇၀၀ သေဆုံးနေကြောင်း လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ လာအိုနိုင်ငံတွင် ဆေးလိပ်နှင့်ဆက်စပ်သော ရောဂါများကြောင့် တစ်ရက်လျှင် လူ ၁၈ ဦးခန့် သေဆုံးနေပြီး တစ်နှစ်လျှင် လူ ၆,၇၀၀ နှင့် ညီမျှကြောင်း၊ ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးမှုနှုန်းသည်...
တီဟီရန်၊ မေ ၂၁ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို ဇွန် ၂၈ ရက်တွင် ကျင်းပမည်ဟု အီရန်အစိုးရက မေ ၂၀ ရက်၌ ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ IRNA က သတင်းဖော်ပြခဲ့သည်။ အီရန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတက တာဝန်ထမ်းဆောင်နိုင်ခြင်းမရှိပါက...
ဟနွိုင်း၊ မေ ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ် အမျိုးသားလွှတ်တော်သည် မေ ၂၀ ရက်တွင် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ထရန်သန်မင်းကို လွှတ်တော် ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ အသက် ၆၁ နှစ်အရွယ် ထရန်သန်မင်းသည် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ၂၀၂၁ ခုနှစ်မှစ၍...
ဘာလီ၊ အင်ဒိုနီးရှား၊ မေ ၂၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် “Water for Shared Prosperity” ခေါင်းစဉ်ဖြင့် မေ ၂၀ ရက်၌ တရားဝင်ဖွင့်လှစ်ခဲ့သည်။ ၁၀ ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်တွင် ရေကြောင်းထိန်းသိမ်းရေး၊ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်၊ စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှု၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး...
Faryab ပြည်နယ်၊ မေ ၂၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ Faryab ပြည်နယ် နှင့် Ghowr ပြည်နယ် တို့တွင် မကြာသေးမီရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ အနည်းဆုံး လူဦးရေ ၁၂၀ သေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန်ဒေသဆိုင်ရာ တာဝန်ရှိသူများက မေ ၁၉ ရက်၌ ပြောကြားခဲ့သည်။...
ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် မေ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပလျက်ရှိသော အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၃ ခု၊ ငွေတံဆိပ် ၃ ခု ဆွတ်ခူးရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မေ...
ကိုလံဘို၊ မေ ၂၀ ရက် (ဆင်ဟွာ) သီရိလင်္ကာသမ္မတ ရာနေးဝစ်ရီမီဆင်းဂျ်နှင့် SpaceX တည်ထောင်သူနှင့် CEO ဖြစ်သူ အီလွန်မက်စ်တို့သည် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် (၁၀)ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။ သီရိလင်္ကာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ Starlink ကွန်ရက်နှင့် ချိတ်ဆက်ရန်အတွက် ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံ၏ ပြန်လည်ထူထောင်ရေး၊...
တီဟီရန်၊ မေ ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် ရဟတ်ယာဉ်မတော်တဆမှုတွင် ကွယ်လွန်သွားခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့ကြောင်း သိရသည်။ “အီရန်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို တင်ဆောင်ထားတဲ့ ရဟတ်ယာဉ်ပေါ်ရှိ ခရီးသည်များအားလုံး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း Mehr သတင်းအေဂျင်စီက အတည်ပြုဖော်ပြခဲ့သည်။ သမ္မတ ရိုင်စီနှင့် အခြားအဆင့်မြင့်တာဝန်ရှိသူများကို...
ဂျကာတာ၊ မေ ၂၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အနီး၌ မေလ ၁၉ ရက်တွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုကြောင့် လူသုံးဦး သေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့ကပြောသည်။ အဆိုပါလေယာဉ်သည် မပျက်ကျမီ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင် အဆက်အသွယ်ပြတ်သွားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးရုံးကပြောသည်။ ထိုလေယာဉ်သည်...