ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ယခုသီတင်းပတ်တွင် ရောက်ရှိမည့် အမေရိကန်သမ္မတ ဘိုင်ဒန်၏ အစ္စရေးခရီးစဉ် လုံခြုံရေးလုပ်ငန်းအတွက် အစ္စရေးက အနည်းဆုံး ရဲတပ်ဖွဲ့ဝင်အင်အား ၁၆,၀၀၀ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mikhail Zingerman က ဇူလိုင် ၁၀ ရက်တွင် ကြေညာခဲ့သည်။ ဘိုင်ဒန်လာရောက်လည်ပတ်စဉ်ကာလအတွင်း...
လန်ဒန်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇူလိုင် ၇ ရက်တွင် အာဏာရပါတီ ကွန်ဆာဗေးတစ်ပါတီ၏ အကြီးအကဲနှင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် ကွန်ဆာဗေးတစ်ပါတီ အဓိကအရာရှိများက ပါတီခေါင်းဆောင်ရွေးချယ်မှုတွင် ဝင်ရောက်အရွေးခံမည်ဟု ကြေညာခဲ့ကြောင်း သိရသည်။
ဒါကာ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အရှေ့မြောက်ပိုင်းခရိုင်များတွင် ဇွန် ၁၅ ရက်ဝန်းကျင်တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခြင်းနှင့်အတူ မေလတွင် စတင်ခဲ့သည့် အကြီးအကျယ်ဖျက်ဆီးသော လျှပ်တစ်ပြတ် ရေကြီးမှု ဖြစ်ပွားမှုများကြောင့် လူပေါင်း ၇ ဒသမ ၂ သန်းခန့် ပြင်းပြင်းထန်ထန် ဘေးဒဏ်သင့်ခဲ့ကြောင်း...
ဦလန်ဘာတာ ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) ကပ်ရောဂါဒဏ်သင့် ခရီးသွားလုပ်ငန်းကဏ္ဍအား မြှင့်တင်ရန် နှင့် မျိုးဆက်သစ်လူငယ်များအား ရိုးရာအဝတ်အထည်များ ဝတ်ဆင်ရေး အားပေးလှုံ့ဆော်ရန် ၁၆ ကြိမ်မြောက် မွန်ဂိုလီးယားနိုင်ငံ၏ အမျိုးသားဝတ်စုံပွဲတော်အား ဇူလိုင် ၉ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ) သီရိလင်္ကာသမ္မတ Gotabaya Rajapaksaသည် ယခုလ ၁၃ ရက်တွင် ၎င်းရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ Abeywardenaကို အသိပေးခဲ့သည်ဟု သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌရုံးက ဇူလိုင် ၉ ရက်တွင် အတည်ပြုခဲ့သည်။
ဘာလီကျွန်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အပြည်ပြည်ဆိုင်ရာစားနပ်ရိက္ခာဖူလုံရေးကာကွယ်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏အကျိုးဆောင်မှုများကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မိတ်ဆက်ပြောကြားခဲ့သည်။ ဝမ်ရိက တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် ကျယ်ပြန့်များပြားလှသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စားနပ်ရိက္ခာဖူလုံရေးကဏ္ဍ ယုံကြည်အားထားရသော...
ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) Tesla စီအီးအို အီလွန်မက်စ် (Elon Musk) သည် တွစ်တာက ၎င်း၏ spam နှင့် အကောင့်တုများ (fake accounts) ဆိုင်ရာ အချက်အလက်ကို ထိမ်ချန်ထားကြောင်း စွပ်စွဲလျက် တွစ်တာကို ဝယ်ယူရန် အမေရိကန်ဒေါ်လာ ၄၄...
ဘာလီကျွန်း၊ ဇူလိုင် ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံရေးကဏ္ဍအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် နိုင်ငံတကာစားနပ်ရိက္ခာဖူလုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆိုပြုချက်ကို ဇူလိုင် ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ ပြောကြားခဲ့သည်။ ဝမ်ရိက စားနပ်ရိက္ခာနှင့်စွမ်းအင်ကဏ္ဍသည် ကမ္ဘာ့စီးပွားရေး...
ဘာလီ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော G20 အစည်းအဝေးကို ဇူလိုင် ၈ ရက်တွင် တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudiက သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး G20 အဖွဲ့ဝင်နှင့်ဧည့်သည်တော်နိုင်ငံများမှ...
မော်စကို၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ) ရုရှားရေတပ်က Poseidon နျူကလီးယား စွမ်းအင်သုံးရေငုပ်ဒရုန်းများ သယ်ဆောင်ရန် ပုံစံထုတ်လုပ်ထားသော ပထမဆုံးရေငုပ်သင်္ဘော Belgorod အား ဇူလိုင် ၈ ရက်၌ လက်ခံရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရေငုပ်သင်္ဘောသည် ရုရှားနိုင်ငံအတွက် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသနတာဝန်များ အကောင်အထည်ဖော်ရန်နှင့် သမုဒ္ဒရာ၏...