ဂျကာတာ၊ မေ ၃၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းရှိ သင်္ဘောနစ်မြုပ်သွားသောနေရာ၏ အရှေ့မြောက်ဘက် ရေမိုင် ၄၅ မိုင် (၈၃ ကီလိုမီတာခန့်) အထိ ရှာဖွေရေးနေရာကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက မေ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ခတ္တမန္ဒူ၊ မေ ၃၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Mustang ခရိုင်ရှိ ဝေးလံ၍ တောတောင်ထူထပ်သောနေရာ၌ နီပေါ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) လွတ်လပ်သောကုန်သွယ်မှုစာချုပ်သည် ပွင့်လင်းသော ၊ အားလုံးပါဝင်သော ၊ စည်းမျဉ်းများစည်းကမ်း အခြေပြုသည့် ကုန်သွယ်ရေးစနစ်၏ အကောင်းဆုံး ဥပမာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)သည် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ထက် နိုင်ငံရေးလေလုံး ပိုများနေကြောင်း နာမည်ကြီး ကမ္ဘောဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ မေ ၃၀ ရက်(ဆင်ဟွာ) “နေ့အလင်းရောင်မရရှိခြင်း နှင့် ဆိုးရွားသောရာသီဥတုအခြေအနေများကြောင့်” လူပေါင်း ၂၂ ဦးလိုက်ပါသွားသော ပျောက်ဆုံးနေသည့် လေယာဉ်ငယ်တစ်စင်းရှာဖွေမှု လုပ်ငန်းအားလုံးကို နီပေါစစ်တပ်က ရပ်ဆိုင်းထားရကြောင်း စစ်တပ်က မေ ၂၉ ရက် ညပိုင်းတွင်ပြောကြားခဲ့သည်။
ဂျကာတာ ၊ မေ ၂၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း တောင်ဆူလာဝေဆီ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်အတွင်း လူ ၄၂ ဦး လိုက်ပါလာသည့် သင်္ဘောတစ်စင်း နစ်မြှုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၂၅ ဦးအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်ပြုလုပ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက မေ ၂၈ ရက်တွင်...
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) ယူကရိန်းသည် ဒိန်းမတ်မှ သင်္ဘော ဖျက်ဒုံးကျည်နှင့် အမေရိကန်မှ Self-Propelled Howitzer များ စတင်လက်ခံနေပြီဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksiy Reznikov က မေ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၉ ရက်(ဆင်ဟွာ) ရုရှားဖရီးဂိတ်စစ်သင်္ဘော Gorshkov သည် ဘာရန်းစ်ပင်လယ်ပြင်(Barents) မှနေ၍ မေ ၂၈ ရက်တွင် အသံထက်မြန်သော (Tsirkon) ဇာခွန်ဟိုက်ပါဆွန်းနစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာက ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်က ရေနံတင်သင်္ဘောတစ်စင်းမှ အီရန်ရေနံစိမ်းများ သိမ်းယူခြင်းအပေါ် ဆွစ်ဇာလန်မှတစ်ဆင့် ကန့်ကွက်ရန်အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂၇ ရက်တွင် အီရန်နိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ရေနံတင်သင်္ဘောတွင် အီရန်နိုင်ငံအလံချိတ်ဆွဲထားခြင်းဖြစ်ပြီး ရုရှားကုမ္ပဏီမှ လည်ပတ်ကြောင်းနှင့် သတင်းအချက်အလက်များအရ တူရကီနိုင်ငံသို့...