ဝါရှင်တန်၊ မေ ၁၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အယ်လ်-ရှာဘတ် (al-Shabab) အစွန်းရောက်အုပ်စုကို တန်ပြန်တိုက်ခိုက်ရန် ဆိုမာလီနိုင်ငံ အရှေ့ပိုင်းသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်လည်တပ်ဖြန့်ရန် အစီအစဉ်တစ်ရပ်အား ခွင့်ပြုခဲ့ကြောင်း အိမ်ဖြူတော်က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
အဂါတာလာ၊ မေ ၁၇ ရက်(ဆင်ဟွာ)
ဘဂ္ဂဒတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတစ်ဝန်း မေ ၁၆ ရက်က သဲမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် အသက်ရှူဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်၍ ဆေးရုံတက်ရောက်ခဲ့ရပြီး လေဆိပ်များ၊ စာသင်ကျောင်းများနှင့် အချို့အစိုးရရုံးများ ပိတ်ထားခဲ့ရကြောင်း သိရသည်။
ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးကို မေ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများနှင့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုမည် ဖြစ်ကြောင်း အစည်းအဝေးကာလတွင် အမေရိကန်နိုင်ငံက ကြေညာခဲ့သည်။
ဖနွမ်းပင်၊ မေ ၁၆ ရက် (ဆင်ဟွာ) Yan Sam En သည် ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Chetr Boreiခရိုင်က လယ်သမားတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က တစ်နေ့တွင် ကလေး ၅ ဦး၏ဖခင်ဖြစ်သူ Yan Sam En...
မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိအမေရိကန်-အာဆီယံအထူးထိပ်သီးအစည်းအဝေးအားဝါရှင်တန်၌ကျင်းပခဲ့သည်။ ယခုနှစ်သည် အမေရိကန်နှင့် အာဆီယံဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ပြည့်ဖြစ်ပြီးဤထိပ်သီးအစည်းအဝေးသည် ၂၀၁၆ ခုနှစ်ပြီးနောက် ပထမဆုံးအကြိမ် အမေရိကန်သမ္မတမှ ဦးစီးကျင်းပသည့် အမျိုးအစားတူအစည်းအဝေးဖြစ်သည်။ အစည်းအဝေးကျင်းပသည့်အချိန်အခါသည် ဘိုင်ဒင်၏ ပထမဆုံးအာရှခရီးစဉ်မတိုင်မီဖြစ်သည့်အတွက် ဘက်အသီးသီး၏ များစွာအလေးပြုခြင်းခံရပါသည်။
နယူးယောက် ၊ မေ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘတ်ဖလိုးရှိ ဈေးဝယ်စင်တာတစ်ခု၌ မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူ ၁၀ ထက်မနည်း သေဆုံးသွား ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဘာလင်၊ မေ ၁၅ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း ပဋိပက္ခသည် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုအတွက် ဆိုးရွားသော အကျိုးဆက်များ ရှိလာနိုင်ပြီး ယူကရိန်း၏ စားနပ်ရိက္ခာတင်ပို့မှု အပေါ် ကန့်သတ်ချက်များကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း G7 အဖွဲ့ မှ မေလ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ဘူဒါပတ် ၊ မေ ၁၅ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ၏ ပထမဆုံး အမျိုးသမီး သမ္မတ Katalin Novak သည် မေ ၁၄ ရက်တွင် ပြုလုပ်သော ၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားတွင် မျှော်လင့်ချက် နှင့် စည်းလုံးညီညွတ်မှု အတွက် သတင်းစကားအား အလေးထားပြောကြားခဲ့သည်။
မော်စကို/ဟယ်လ်ဆင်းကီး ၊ မေ ၁၅ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto နှင့် မေ ၁၄ ရက်တွင် ဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ဖင်လန်နိုင်ငံ၏ မြောက်အတ္တလန္တိတ်မဟာမိတ်စာချုပ်အဖွဲ့(နေတိုး) အဖွဲ့ထဲဝင်ရောက်ရေးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။