ရီယိုဒီဂျနေရိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံမှ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြန်လည်ရောက်ရှိလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ရောဂါတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ဒုတိယမြောက်လူနာကို ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
ထရီပိုလီ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၌ လက်နက်ကိုင်အုပ်စုများအကြား သောကြာနေ့ ညပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအစီအစဉ်(UNSMIL) က ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ သမ္မတသစ် Ferdinand Romualdez Marcos က ဇွန် ၁၀ ရက်တွင် ဒုတိယအကြိမ်မြောက် “တရုတ်-ဖိလစ်ပိုင် ချစ်ကြည်ရေးဆု” ချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်စဉ် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ “အခိုင်မာဆုံးမိတ်ဖက်” ဖြစ်ပြီး ၎င်းအနေဖြင့် ပိုမိုခိုင်မာနက်ရှိုင်းသော ဖိလစ်ပိုင်-တရုတ်...
မော်စကို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အလည်အပတ်ရောက်ရှိနေသော တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမှုရှိစေရေး ကြေညာချက်ကို ဇွန် ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ကရင်မလင်နန်းတော်မှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌...
မော်စကို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ စစ်တပ်က ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုအကြီးအကျယ်ပြုလုပ်ခြင်းကို ဇွန် ၁၀ ရက်က အဆုံးသတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။ သီတင်းပတ်ကြာ ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများအတွင်း တိုက်ခိုက်ရေးလေ့ကျင့်မှု ၃၀၀ ကျော် ပြုလုပ်ခဲ့ပြီး ယင်းအနက် လေ့ကျင့်မှု ၁၇၀ တွင်လက်နက်များလက်တွေ့အသုံးပြုမှုလည်း...
ကိုင်ရို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံရှိ ကုလားအုတ်ဈေးကွက်တွင် အကြီးဆုံးဖြစ်သော Berkash ကုလားအုတ်ဈေးအား သောကြာနေ့ နံနက်ခင်းတိုင်း ပြုလုပ်ပြီး ရာပေါင်းများစွာသော ကုလားအုတ်များကို ရောင်းချလျက်ရှိသည်။ အဆိုပါ ဈေးမှာ အီဂျစ်နိုင်ငံတွင် ကုလားအုတ်ကုန်သွယ်ရေးအတွက် အရေးပါဆုံးဈေးကြီးတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားကြသလို ကုလားအုတ်များ ကြည့်ရှုရန် စိတ်ဝင်စားသော ကမ္ဘာလှည့်ခရီးသည်များကို...
ကိဗ်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက ရုရှားနိုင်ငံ သမ္မတ ပူတင် အပါအဝင် ရုရှားအစိုးရအဓိကလူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူမှု ပြုလုပ်သွားမည့် အမိန့်ကြေညာချက်တစ်စောင်ကို ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဇွန် ၉ ရက်တွင် လက်မှတ်ရေးထိုး ကြေညာခဲ့သည်။ ယူကရိန်းနိုင်ငံ သမ္မတရုံး ဝက်ဘ်ဆိုက်၏ ယင်းနေ့တွင်ထုတ်ပြန်သော...
ပေကျင်း၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) သဘာဝဓာတ်ငွေ့ ဝယ်ယူခြင်းဆိုင်ရာ “ရူဘယ်ငွေစာရင်း ရှင်းတမ်းအမိန့်” အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သောကြောင့် ရုရှားသဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီ Gazprom သည် ပိုမိုများသော ဥရောပ ဝယ်ယူသူများအပေါ် “သဘာဝဓာတ်ငွေ့ ဖြတ်တောက်ခြင်း” ဆောင်ရွက်မည်မဟုတ်ဟု မျှော်မှန်းထားကြောင်း ရုရှားအစိုးရက ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။...
ကုလသမဂ္ဂ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂညီလာခံက အီကွေဒေါ၊ ဂျပန်၊ မော်လ်တာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန် စသည့် ၅ နိုင်ငံအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျအဖွဲ့ဝင်နိုင်ငံများအဖြစ် ဇွန် ၉ ရက်တွင် ရွေးချယ်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်အကျအဖွဲ့ဝင်ရွေးချယ်မှုကို ကုလသမဂ္ဂညီလာခံတွင် လျှို့ဝှက်မဲပေး ရွေးချယ်ခဲ့ခြင်းဖြစ်ရာ ရွေးကောက်ခံနိုင်ငံက...
ဝါရှင်တန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဝါရှင်တန်ရှိ မြို့နယ်တစ်ခု၌ ဇွန် ၉ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါမြို့နယ် ရဲစခန်းက ထိုနေ့မွန်းလွဲပိုင်းတွင် တိုင်ကြားချက်ရရှိခဲ့ပြီး ချက်ချင်းပင် အခင်းဖြစ်ပွားရာ ကွန်ကရစ်ထုတ်ကုန်ပစ္စည်းများကုမ္ပဏီသို့...