ဂျကာတာ၊ ဇွန် ၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် ဇွန်လတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ဘက်စုံတည်ဆောက်မှု စတင်ခဲ့သည်။ လက်ရှိတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့လျက်ရှိသည်။ လမ်းကြမ်းခင်း၊ တံတားရေမြောင်း၊ ဥမင်လိုဏ်ခေါင်းစသည့် မြို့ပြအင်ဂျင်နီယာလုပ်ငန်းများကို အလုံးစုံပြီးစီးပြီဖြစ်သလို ရထားလမ်း၊ ဆက်သွယ်ရေး အချက်ပြ လျှပ်စစ်ဓာတ်အားလိုင်းလုပ်ငန်းများ အခြေခံအားဖြင့်...
လန်ဒန်၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်လေကြောင်းလိုင်းဖြစ်သော China Southern Airlines က တရုတ်နိုင်ငံ၊ ပေကျင်းမြို့နှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့အကြား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို ဇွန် ၇ ရက် ကစတင်ပြေးဆွဲခဲ့သည်။အသစ်ပြေးဆွဲမည့်လေကြောင်းလိုင်းသစ်သည် Heathrow Airport လေဆိပ်မှ ဒေသစံတော်ချိန် ည၁၀:၃၀ နာရီ၌ စတင်ထွက်ခွါ၍...
ကန်ဒယ်လ်၊ ကမ္ဘောဒီးယား၊ ဇွန် ၈ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ကမ္ဘောဒီးယားနိုင်ငံ Svay Rieng ပြည်နယ် Bavet မြို့ကို မြို့တော် ဖနွမ်းပင်နှင့် ချိတ်ဆက်ထားသော တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့်တည်ဆောက်သည့် ဒုတိယမြောက် အဝေးပြေးလမ်းကို ဇွန် ၇ ရက်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ ဇွန် ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တောင်ပိုင်း Kakhovka ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆည် ပျက်စီးမှုအပေါ် အလွန်အမင်းစိုးရိမ်မိကြောင်း တရုတ်သံတမန်က ပြောကြားခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် အရပ်ဘက် အဆောက်အအုံများ ကာကွယ်ရေးသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေတွင် အရေးပါသောစည်းမျဉ်းတစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ပြောခဲ့သည်။...
ပေကျင်း၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် ထိုင်းနိုင်ငံ မင်းသမီး မဟာချက္ကရီသီရိဒုံကို ပေကျင်းမြို့တော်၌ ဇွန် ၆ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ ဝမ်ရိက မင်းသမီး သီရိဒုံ၏ အကြိမ် ၅၀ မြောက် တရုတ်နိုင်ငံသို့...
လာဟိုး၊ ပါကစ္စတန်၊ ဇွန် ၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် လမ်းပေါ်တွင် ရေများလျှံတက်လျက်ရှိကာ ပြည်သူများ၏နေ့စဉ်ဘဝများ အဆင်မပြေဖြစ်လျက်ရှိကြောင်း သိရသည်။ လာဟိုးမြို့ ၏ မိုးရာသီ မုတ်သုံကာလမှာ ပုံမှန်အားဖြင့် ဇူလိုင်လတွင် ကျရောက်လေ့ရှိကာ မိုးသည်းထန်စွာရွာသွန်း၍ ညနေပိုင်းတွင် မိုးကြိုးမုန်တိုင်းများတိုက်ခတ်လျက်ရှိကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ...
အင်ဒိုနီးရှား၊ ဇွန် ၇ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၊ အလယ်ဂျာဗားပြည်နယ်၊ Jepara မြို့၊ Tegalsambi ကျေးရွာတွင် အလင်းရောင်ဖြာထွက်နေသော ကြယ်များသဖွယ် မီးတောက်မီးလျှံများဖြင့် ရိုးရာမီးရှှူးတိုင်ပွဲတော်၌ လူများပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိသည်။ အဆိုပါရိုးရာဓလေ့ကို အခြောက်ခံထားသောအုန်းလက်နှင့် ငှက်ပျောရွက်များကို မီးရှို့ခြင်း အထိမ်းအမှတ် ပြုလုပ်ခြင်းဖြစ်သည်။ မီးတောက်မီးလျှံများက ကျန်းမာရေးကိုဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်လျက်...
ရီယတ်၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးမှုအရ အီရန်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ဆက်ဆံရေးပြန်လည်ထိန်းသိမ်းရန် သဘောတူခဲ့ကြပြီး သုံးလနီးပါးအကြာ၌ အီရန်နိုင်ငံက အချိန် ၇ နှစ်ကြာပိတ်ထားသော ဆော်ဒီအာရေဗျနိုင်ငံရှိ သံရုံးကို ဇွန် ၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေဗျနိုင်ငံနှင့် အီရန်ကြား ဆက်ဆံရေးအတွက်...
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြရိဿပြည်နယ် Balasore ခရိုင်၌ ဇွန် ၂ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ရထားလမ်းချော်၍ ရထားချင်းတိုက်မိမှုအား စုံစမ်း စစ်ဆေးခြင်းများကို ဇွန် ၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။
လာဟိုး၊ ပါကစ္စတန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) ပလတ်စတစ် ထုတ်ကုန်များသည် လူတို့၏ နေ့စဉ်ဘဝများကို လွှမ်းမိုးနေသော်လည်း ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် ပလတ်စတစ်အမှိုက်နှင့် လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် ပြည်သူများ ကြိုးပမ်းအားထုတ်လျက်ရှိသည်။