နိုင်ရိုဘီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံရှိ မိခင် ၊ မွေးကင်းစကလေး နှင့် ကလေးသူငယ်ကျန်းမာရေးအား မြှင့်တင်ရန် တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့သည့် စီမံကိန်း အောင်မြင်စွာပြီးစီးခြင်း အထိမ်းအမှတ်အနေဖြင့် ကင်ညာနိုင်ငံရှိ တရုတ်သံရုံး နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၃၀ ရက်တွင်...
ဟာရာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) သယံဇာတပေါကြွယ်ဝသော တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေနိုင်ငံသည် များပြားလှသော ဓာတ်သတ္တုကြွယ်ဝမှုမှ ပိုမိုအမြတ်အစွန်းများ ရရှိစေရန်အလို့ငှါ ဓာတ်သတ္တုထုတ်လုပ်မှုအား တိုးမြှင့်ကာ အကျိုးကျေးဇူးများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စုပြုံဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။
တီဟီရန်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) အီရန်နိုင်ငံ တောင်ပိုင်း ဟော်မိုစဂန်ပြည်နယ်(Hormozgan) တွင် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ပြင်းအား အဆင့် ၆ နှင့်အထက်ရှိ ငလျင် သုံးကြိမ်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ လူပေါင်း ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း...
ဘေရွတ်၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ) လက်ဘနွန်အခြေစိုက်ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL)က ဇူလိုင် ၁ ရက်တွင် လက်ဘနွန်နိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ၏ အသုတ်(၂၀)မြောက် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့တစ်ခုလုံးရှိ တပ်ဖွဲ့ဝင်ပေါင်း ၄၁၀ ဦးအား ကုလသမဂ္ဂ”ငြိမ်းချမ်းရေးဆုတံဆိပ်”ချီးမြှင့်ပြီး လက်ဘနွန်နိုင်ငံတောင်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်းရေးအတွက် ထူးချွန်စွာ အကျိုးထမ်းဆောင်ခဲ့သည့်အပေါ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာကြီး၌ ရထားကုန်စည်ပြောင်းလဲတင်ဆောင်ရေးနေရာတည်ဆောက်ပြီးစီးပြီဖြစ်၍ ဇူလိုင် ၁ ရက်က တရားဝင်စတင်အသုံးပြုနေပြီဖြစ်ကြောင်း China State Railway Group Co., Ltd.မှ သိရသည်။ ပထမအသုတ် နယ်စပ်ဖြတ်ကျော် ကွန်တိန်နာကုန်စည်များသည် ယင်းနေရာတွင် စံချိန်မီရထားလမ်း(standard-gauge railway)နှင့်...
ကုလသမဂ္ဂ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံသည် ဇူလိုင်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဇူလိုင် ၁ ရက်က တာဝန်ယူလက်ခံခဲ့ကြောင်း သိရသည်။ ဇူလိုင်လအတွင်း ဘရာဇီးနိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီနှင့် အခြားကုလအဖွဲ့အစည်းများအကြား၊ အထူးသဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုကော်မရှင်နှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ရည်ရွယ်ထားကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုနှင့်...
ဘိုဂိုတာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ Tulua မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ဇွန် ၂၈ ရက်က အဓိကရုဏ်းဖြစ်ပွားမှုအတွင်း မီးလောင်မှုဖြစ်ပွားခြင်းကြောင့် သေဆုံးသောအကျဉ်းသားအရေအတွက်မှာ ၅၃ ဦးအထိမြင့်တက်လာခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်များက ဇူလိုင် ၁ ရက်၌ ပြောကြားခဲ့သည်။ Valle del Cauca...
မော်စကို၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမီယာ ပူတင်သည် ယူကရိန်းအကျပ်အတည်း၊ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဈေးကွက်နှင့် နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှုဆိုင်ရာအကြောင်းအရာများကို အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် ဇူလိုင် ၁ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယူကရိန်းနှင့် ၎င်း၏ “အနောက်နိုင်ငံ ပံ့ပိုးသူများ”က...
ဝါရှင်တန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား လေယာဉ်ဖျက်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များအပြင် ဒုံးကျည်စနစ်များ အဆင့်မြှင့်တင်ရန် ထပ်တိုးခဲယမ်းမီးကျောက်များ ပါဝင်သည့် လုံခြုံရေးအကူအညီအသစ်များ ပေးအပ်မည်ဟု ဇူလိုင် ၁ ရက်က ကြေညာခဲ့သည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၂၀ ရှိသော လက်နက်အသစ်များသည် အပိုင်းနှစ်ပိုင်းဖြင့်...
အဘူဒါဘီ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) သမ္မတ Sheikh Mohamed သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အဘူဒါဘီတွင် ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ယန်ကျဲ့ချီက သမ္မတ...