ပြုံးယမ်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) က ထုတ်လုပ်နေသည့် လက်နက်စနစ်၏ တိကျမှုကို အတည်ပြုရန် ဇန်နဝါရီ ၁၇ ရက်တွင် နည်းဗျူဟာမြောက် ပစ်မှတ်လမ်းညွှန်စနစ်တပ်ဆင်ထားသည့် ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA ဌာနက ယနေ့ ထုတ်လွှင့်ခဲ့သည်။
ဝါဆော၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံသည် COVID-19 ကပ်ရောဂါ ပဉ္စမလှိုင်းဖြင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ၊ ကူးစက်မှုများသည် မကြာမီ စံချိန်တင်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ပိုလန်နိုင်ငံ ကျန်းမာရေးဝန်ကြီး Adam Niedzielski က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေးပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက တရုတ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၎င်းတို့၏ ချစ်ကြည်ရင်းနှီးမှုအား ထိန်းသိမ်းကာ အနှောင့်အယှက်အဟန့်အတားများအား ဖယ်ရှားပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း နှင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်တစ်ခုအား အတူတကွဖွင့်လှစ်သင့်ကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
QALA-E-NAW ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်ဘက် Badghis ပြည်နယ်၌ ဇန်နဝါရီ ၁၇ ရက်တွင် ပြင်းအား ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် လူ ၁၂ ဦးထက်မနည်း သေဆုံးကာ...
မော်စကို၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ရုရှား-တရုတ် ဆက်ဆံရေးသည် “မည်သူ့ကိုမှဆန့်ကျင်ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း” ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ် (Sergei Lavrov) က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) “အစွန်းရောက်ရာသီဥတုကြောင့် စားနပ်ရိက္ခာပြတ်လပ်ခြင်း၊ ၂၀၂၂ ခုနှစ် စားနပ်ရိက္ခာဈေးနှုန်း ကျဆင်းမှုမရှိဘဲ ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိ”ဟူသော ဗြိတိန် Financial Times ဝဘ်ဆိုက်၏ ဇန်နဝါရီ ၈ ရက် ထုတ်ပြန်ချက်ကို cankaoxiaoxi ဝဘ်ဆိုက်က ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက်ရေပြင်ထဲသို့ တာတိုပစ်ပဲ့ထိန်းဒုံးကျည် နှစ်စင်းအား ပစ်ခတ်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပတ်အတွင်း စတုတ္ထအကြိမ်မြောက် ပစ်လွှတ်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ တောင်ကိုရီးယားစစ်တပ်သည် ဒေသစံတော်ချိန် နံနက်...
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တောင်ပစိဖိတ်ကျွန်းနိုင်ငံ တွန်ဂါ၏ Hunga Ha’apai ကျွန်းတွင် ဇန်နဝါရီ ၁၄ ရက်နှင့် ၁၅ ရက်များတွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ မြို့တော်နူကူးအလိုဟာ၌ ဆူနာမီဖြစ်ပွားသည့် တိုင်းတာချက်ရှိခဲ့သည်။ ထို့ကြောင့် ဂျပန်၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဖီဂျီ၊ ဆမိုးအား၊ ဗနွားတူ၊...
ကုလသမဂ္ဂ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) တောင်ပစိဖိတ် ကျွန်းနိုင်ငံ တွန်ဂါ၏ ပင်လယ်ရေအောက် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဆူနာမီ ဖြစ်ပွားမှုအား အထူး ဂရုပြု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောရေးဆိုခွင့်ရှိသူကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် အချိန်မရွေး ကူညီထောက်ပံ့မှုများ ပေးသွားလိုကြောင်း...