နယူးယောက်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ Phyongan ပြည်နယ်မြောက်ပိုင်းတွင် မီးရထားပေါ်မှတင်ဆောင်ပစ်ခတ်နိုင်သော ဒုံးကျည်များ၏ လုပ်ဆောင်နိုင်မှုနည်းလမ်းများအား စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းအတွက် ပစ်ခတ်လေ့ကျင့်မှုကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် Korean Central News Agency (KCNA) က...
နယူးဒေလီ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဇန်နဝါရီ ၁၃ ရက်က ရထားတိမ်းမှောက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ဇန်နဝါရီ ၁၄ ရက်၌ ၉ ဦးအထိရှိလာခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း ရထားလုပ်ငန်းဝန်ကြီးဌာန အဆင့်မြင့်အရာရှိ Anshul Gupta က အတည်ပြုပြောကြားခဲ့သည်။...
ဟနွိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီမှတာဝန်ယူတည်ဆောက်ထားသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး မြို့ပြရထားလမ်း စီမံကိန်း Cat Linh-Ha Dong ရထားလမ်း ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၃ ရက်က ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်း၌ ကျင်းပခဲ့ရာ ဗီယက်နမ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Xiong...
ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိ ဒုံးကျည်တစ်ခုအား အရှေ့ဘက်သို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့ပြီး နောက်ထပ်အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။ ထိုသို့ပစ်လွှတ်ခြင်းမှာ ယခုနှစ်အတွင်း မြောက်ကိုရီးယား၏ တတိယမြောက် ဒုံးကျည်ပစ်လွှတ်ခြင်းဖြစ်သည်။...
ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆောက်လုပ်ရေးသမား၏ ကြွယ်ဝသည့်အတွေ့အကြုံနှင့် ကျွမ်းကျင်သောနည်းပညာဗဟုသုတများက မလေးရှား အရှေ့ကမ်းရိုးတန်းရထားလမ်းစီမံကိန်း (ECRL) တည်ဆောက်မှုတွင် အကျိုးဖြစ်ထွန်းကြောင်း မလေးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Wee Ka Siong က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ မလေးရှား ပို့ဆောင်ရေးဝန်ကြီး Wee Ka...
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ရုရှား၊ အမေရိကန်နှင့် နေတိုးတို့ကြား မကြာသေးမီက ပြုလုပ်ခဲ့သော လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုမှာ အောင်မြင်ခဲ့ခြင်းမရှိကြောင်း၊ ၎င်းတို့အသီးသီးက အချို့သော အခြေခံကိစ္စရပ်များတွင် ပြင်းထန်သော ကွဲပြားမှုများရှိနေသည်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က ဇန်နဝါရီ ၁၃ ရက်တွင်...
နျူ-ဆူလ်တန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ယနေ့မှစပြီး ကာဇက်စတန်မှ ရုပ်သိမ်းသွားမည်ဖြစ်ပြီး စစ်တပ်ရုပ်သိမ်းမှု ၁၀ ရက်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း CSTO အထွေထွေအတွင်းရေးမှူးချုပ် Stanislav Zasက ဇန်နဝါရီ ၁၃ ရက် အဲလ်မတ်တီမြို့တွင် ကြေညာခဲ့သည်။ ယင်းနေ့က အဲလ်မတ်တီမြို့တွင်...
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ပြည်သူများအနေဖြင့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် ကာကွယ်ရန် COVID-19 ရောဂါ တိုက်ဖျက်ရေး အားဖြည့်ကာကွယ်ဆေး ထိုးနှံကြရန် တရုတ်နိုင်ငံမှ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) အသင်းဝင်ကြေးပေးသွင်းရန် ပျက်ကွက်သဖြင့် အီရန် နှင့် ဗင်နီဇွဲလာ အပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံကို ကုလသမဂ္ဂ၌ ၎င်းတို့၏ မဲပေးခွင့်များအား ရုပ်သိမ်းထားလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပြီး မိတ်ဆုံစားပွဲ တက်ရောက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဇန်နဝါရီ ၁၂ ရက် တွင် ဝန်ခံ တောင်းပန်ခဲ့သည်။ ဗြိတိန် အတိုက်အခံပါတီနှင့် အချို့ လူထုက ဂျွန်ဆင်ရာထူးမှ နုတ်ထွက်သင့်ကြောင်း...