ဆစ်ဒနီ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ပါပူအာနယူးဂီနီနိုင်ငံ Enga ပြည်နယ်ရှိ ပြည်နယ်ဆေးရုံ၌ အသစ်တည်ဆောက်ထားသော ဆေးရုံအား ပါပူအာနယူးဂီနီနိုင်ငံ (PNG) အစိုးရထံသို့ ဇွန်လ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ယင်းဆေးရုံက ဒေသခံပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများကို အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
လော့အိန်းဂျလိစ် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အသက် ၆ လသားအရွယ်ထိ ကလေးငယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ယခုရက်သတ္တပတ်တွင် စတင်ရန် ရည်မှန်းထားကြောင်း သိရသည်။
ကာရာကက်စ် ၊ ဇွန် ၂၁ ကိုလံဘီယာနိုင်ငံတွင် ဂူစတာဗိုပက်ထရို(Gustavo Petro) ၏ သမ္မတရွေးကောက်ပွဲအနိုင်ရရှိခဲ့မှုသည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ပြန်လည်ထိန်းသိမ်းရန် နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် အခွင့်အလမ်းတစ်ခုကို ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ဗင်နီဇွဲလားညီညွတ်သော ဆိုရှယ်လစ်ပါတီ (PSUV) ပထမဒုတိယဥက္ကဌ Diosdado Cabello က တနင်္လာနေ့တွင်ပြောကြားလိုက်သည်။
မော်စကို ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ကလင်နင်ဂရက်ဒေသ(Kaliningrad) သို့ အရေအတွက်များစွာသော ကုန်ပစ္စည်းများ ပို့ဆောင်ရန်အတွက် ၎င်း၏ နယ်မြေပိုင်နက်အတွင်းဖြတ်သန်း သွားလာမှု ပိတ်ပင်တားဆီးထားခြင်းကို ချက်ချင်းရုပ်သိမ်းပေးရန် လစ်သူယေးနီးယားနိုင်ငံအား ရုရှားနိုင်ငံက တောင်းဆိုလိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) တရုတ်-လာအိုရထားလမ်းအတွက် လာအိုနိုင်ငံသား တွဲဖက်ရထားယာဉ်မောင်းရွေးချယ်ရေး စာမေးပွဲကို ဇွန် ၁၈ ရက် တွင် ကျင်းပပြီးဆုံးခဲ့ရာ လာအိုနိုင်ငံသား သင်တန်းသား (၆၆) ဦးစလုံး စာမေးပွဲအောင်မြင်၍ တရုတ်-လာအို ရထားလမ်း ပထမအသုတ် လာအိုနိုင်ငံသား မီးရထားယာဉ်မောင်းများအဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။
ရာမာလာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပါလက်စတိုင်းအရေး ညှိနှိုင်းဆောင်ရွက်ရာတွင် အရင်လူများ(ယခင်အမေရိကန်သမ္မတများ) ကဲ့သို့ပင် တူညီသော မူဝါဒဖြင့် လိုက်ပါ လုပ်ဆောင်နေကြောင်း ပါလက်စတိုင်းအဆင့်မြင့် အရာရှိတစ်ဦးက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဝါရှင်တန်ဒီစီ၌ ဇွန် ၁၉ ရက် ညပိုင်းတွင် သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားပြီးနောက် ဆယ်ကျော်သက်လူငယ် ၁ ဦး သေဆုံးကာ လူကြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပါရီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ဇွန် ၁၉ ရက်တွင် ကျင်းပပြုလုပ်သော လွှတ်တော်ရွေးကောက်ပွဲ၏ ဒုတိယအကျော့မဲရလဒ်များအရ လာမည့် ပြင်သစ်လွှတ်တော်အစည်းအဝေးတွင် လက်ရှိသမ္မတမက်ခရွန်အနေဖြင့် အပြည့်အဝ ထောက်ခံမှုအများစုနေရာအတွက် ရရှိတော့မည်မဟုတ်ကြောင်း ယနေ့ ဇွန် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော အပြီးသတ်မဲစားရင်းရလဒ်များ အရ...
မော်စကို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရုရှားအစိုးရမီဒီယာက ဇွန် ၁၇ ရက်တွင် ယူကရိန်းစစ်ပွဲတွင် ပါဝင်စဉ် ပျောက်ဆုံးနေသည့် အမေရိကန်စစ်မှုထမ်းဟောင်း ၂ဦး၏ ရုပ်သံဖိုင်ကို ထုတ်လွှင့်ခဲ့ပြီး ၎င်းတို့ ၂ ဦးကို ဒွန်ဘတ်စ်ရှိ ဒေသဆိုင်ရာလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။
ဝါးတာလူး၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံနိုင်ငံဝါးတာလူးတွင်ဇွန် ၁၈ရက်၌ ဖျော်ဖြေသူ ၂,၀၀၀ ခန့်၊ မြင်းအကောင်ရေ ၁၀၀ နှင့် အမြောက် ၂၀ လက် အသုံးပြုကာ ဝါးတာလူးတိုက်ပွဲ ပြန်လည်ပုံဖော်ပြသခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။