တူးနစ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ တူနီးရှားသို့ ကူညီပံ့ပိုးပေးသည့် ကိုဗစ်ကာကွယ်ဆေး အသစ်တစ်သုတ် သည် ဖေဖော်ဝါရီ၂၂ ရက်တွင် မြို့တော်တူးနစ်သို့ ရောက်ရှိခဲ့သည်။ တူနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhang Jianguo နှင့် တူနီးရှားနိုင်ငံ ကျန်းမားရေးဝန်ကြီး Ali Mrabet တို့က လေဆိပ်သို့...
မော်စကို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ “ဒွန်းဘတ်စ်ပြည်သူ့သမ္မတနိုင်ငံ”နှင့် “လုဟန့်စ်ပြည်သူ့သမ္မတနိုင်ငံ”အား အသိအမှတ်ပြုသည့် အမိန့်ကြေညာချက်တစ်စောင်ကို ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့အပေါ် ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ရုရှား၏ဆုံးဖြတ်ချက်သည် ယူကရိန်း၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုက်နက်ပြည့်စုံမှုကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောကြားပြီး...
နန်ကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ယန်ဇီမြစ်ဝှမ်း၏ ပထမဆုံး တန်ချိန် ၃,၀၀၀ ရှိ လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော “CHUANLIAN YI HAO” သည် ဖေဖော်ဝါရီ ၂၂ ရက်က နန်ကျင်းမြို့တွင် ခရီးစတင်ခဲ့ကြောင်း သိရသည်။ ယင်းကုန်တင်သင်္ဘောကို ယခင်က လောင်စာဆီသုံးကုန်တင်သင်္ဘောမှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် သင်္ဘောတစ်စင်းလုံးအတွက်...
ဘာလင်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံအပေါ် ပြုမူဆောင်ရွက်ပုံကိုဖော်ပြလျက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်းလုပ်ငန်းစဉ်အား အသိအမှတ်ပြုခြင်းကို ဆိုင်းငံ့ကြောင်း ဂျာမနီနိုင်ငံ အဓိပတိ Olaf Scholz က ဖေဖော်ဝါရီ ၂၂ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။
ကူမင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဆောပိုလို၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် မြောက်ပိုင်း Petropolis မြို့တွင် စံချိန်တင် မိုးရွာသွန်းမှုများနှင့် နောက်ဆက်တွဲ ရွှံ့မြေပြိုကျမှု၊ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၁၈၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဖေဖော်ဝါရီ ၂၂ ရက်(အင်္ဂါနေ့)တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်အကြာက အမေရိကန်နိုင်ငံ သမ္မတ ရစ်ချက်နစ်ဆင် (Richard Nixon) သည် “အေးစက်နေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ထိန်းသိမ်းသည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း အလှည့်အပြောင်း၊ အချိုးအကွေ့များကြားမှ တရုတ်-အမေရိကန် နှစ်နိုင်ငံလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့သည်။
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပါလက်စတိုင်းတွင် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်း မြှင့်တင်ရန် ကိုဗစ်-၁၉ (COVID-19) ရောဂါ ကာကွယ်ဆေး အလုံးရေ ၅၀၀,၀၀၀ လှူဒါန်းခဲ့ကြောင်း အီဂျစ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက ဖေဖော်ဝါရီ ၂၁ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။