ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးအား “ ကြောင်းကျိုးဆီလျော်သောဖြေရှင်းမှုများ” လုပ်ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအလုံးကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။
ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ဥရောပသမဂ္ဂက ရုရှားအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်သွားမည်ဟု ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားနိုင်ငံက သီးခြားလွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုလိုက်သည့် ယူကရိန်းရှိ ဒေသနှစ်ခုတွင် စီးပွားရေးလုပ်ကိုင်နေကြသော အမေရိကန်နိုင်ငံသားများအား တားမြစ်သည့် အမိန့်ဒီဂရီတစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးသွားမည်ဟု အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ Jen Psaki က ဖေဖော်ဝါရီ ၂၁...
မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က Lugansk ပြည်သူ့ သမ္မတ နိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့ သမ္မတ နိုင်ငံ (DPR) နှစ်ခုကို သီးခြားလွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီနှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁...
ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ Donetsk ၊ Lugansk ၏ အခြေအနေအပေါ် ရုရှားနိုင်ငံ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်း၏ အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဘီလာရုဇ်နိုင်ငံအတွင်း ဘီလာရုဇ်-ရုရှား စစ်တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး မဟာမိတ်နှစ်နိုင်ငံ၏ လျင်မြန်စွာ တုန့်ပြန်စွမ်းကို စမ်းသပ်သွားမည် ဖြစ်ကြောင်း ဘီလာရုဇ် ကာကွယ်ရေးဝန်ကြီး Victor Khreninက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင် နှင့် တွေ့ဆုံဆွေးနွေးရန် မူအားဖြင့်လက်ခံကြောင်း အိမ်ဖြူတော် သတင်းနှင့်ပြန်ကြားရေးအတွင်းဝန် Jen Psaki က ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။
လန်ဒန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်(၂) သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ဗြိတိန်တော်ဝင်မိသားစုက ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလမ် ၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ်က အီရန်နိုင်ငံအနေဖြင့် မကြာမီကာလအတွင်း ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်အတူ နျူကလီးယားသဘောတူညီချက်အသစ်တစ်ခုကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း ၊ သို့သော် ယင်းသဘောတူညီချက်အသစ်သည် ယခင်ရှိခဲ့သော သဘောတူညီချက်ထက် ပို၍ “ အားနည်းကြောင်း” ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မင့်စ်ခ်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ရုရှား-ဘီလာရုဇ်နှစ်နိုင်ငံစစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှု “Allied Resolve-2022” ၏ နောက်ဆုံးအဆင့် လက်တွေ့တိုက်ပွဲ ဝင် လေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၉ ရက်က ဘီလာရုဇ်နိုင်ငံ Obuz-Lesnovsky လေ့ကျင့်ရေးကွင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။