ကိုလံဘို၊ မေ ၂၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံပိုင် Ceylon Petroleum Corporation (CPC) ကုမ္ပဏီက နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပွားနေသည့်ကြားမှ မေ ၂၄ ရက်၌ လောင်စာဆီဈေးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
လော့စ်အိန်ဂျလိစ်၊ မေ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းတွင် မကြာသေးမီက မျောက်ကျောက်ရောဂါ (monkeypox) လူအစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်ပွါးခြင်းသည် သိပ္ပံပညာရှင်များထံမှ ကြီးမားသော စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေခဲ့သည်။ သို့ရာတွင် မျောက်ကျောက်ရောဂါသည် တစ်ချိန်တည်းတွင် လူထုကူးစက်မှုအန္တရာယ်ဖြစ်ပွားရန်မှာမူ “တော်တော်လေးနည်းပါး” ကြောင်းနှင့် “အထိတ်တလန့်ဖြစ်ရန်မရှိကြောင်း” ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ...
မော်စကို၊ မေ ၂၃ ရက်(ဆင်ဟွာ) မာရီယူပိုးလ် Azovstal သံမဏိစက်ရုံအတွင်း ပိတ်မိနေသော နောက်ဆုံးအသုတ် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များ လက်နက်ချပြီးနောက် မာရီယူပိုးလ်မြို့တစ်ခုလုံးကို ရုရှားစစ်တပ်များ အပြည့်အဝထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မနီလာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) ခရီးသည် ၁၂၄ ဦး နှင့် သင်္ဘောအမှုထမ်း ၁၀ ဦးလိုက်ပါလာသည့် ကူးတို့သင်္ဘောတစ်စင်းသည် မေ ၂၃ ရက်တွင် Luzon ကျွန်း ၏ အဓိက Quezon ပြည်နယ်အတွင်းရှိ မြို့တစ်မြို့သို့ ခုတ်မောင်းနေစဉ်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး...
ဒါကာ၊ မေ ၂၃ ရက်(ဆင်ဟွာ)
ဂျနီဗာ ၊ မေ ၂၃ ရက်(ဆင်ဟွာ) မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့မရှိသောနိုင်ငံများတွင် စောင့်ကြည့်မှုများ တိုးချဲ့နေသည့်အတွက် ရောဂါဖြစ်ပွားမှုများ ပိုမိုဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ မေ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအနေဖြင့် ပါကစ္စတန်-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ယုံကြည်မှုကို အမြင့်ဆုံးအဆင့်သို့ တွန်းပို့သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂၁ ရက်တွင် ကျင်းပသည့် တရုတ်-ပါကစ္စတန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၁) နှစ်မြောက် နှစ်ပတ်လည်သို့...
ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင်အမေရိကန်နိုင်ငံသား၉၆၃ ဦးကို နိုင်ငံအတွင်းဝင်ရောက်ခွင့် အပြီးတိုင်ပိတ်ပင်ကြောင်းကို မေ ၂၁ ရက်တွင် ကြေညာခဲ့သည်။ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ရုရှားပါဝင်ခြင်းမရှိသည့် လုံခြုံရေးအာမခံ စာချုပ်တစ်ရပ် ရေးဆွဲနေကြောင်း မေ ၂၁ ရက်က ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၂ ရက်(ဆင်ဟွာ) ရုရှားစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Gazprom က ရူဘယ်ငွေကြေးဖြင့် ပေးချေခြင်းမရှိသောကြောင့် ဖင်လန်နိုင်ငံ၏ နိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီ Gasum အား မေ ၂၁ ရက်မှစတင်ကာ ဓာတ်ငွေ့ထောက်ပံ့မှု အလုံးစုံဆိုင်းငံ့လိုက်ကြောင်း အတည်ပြုခဲ့သည်။
မနီလာ၊ မေ ၂၁ ရက် (ဆင်ဟွာ) ယခင်သီတင်းပတ်က ပြီးဆုံးခဲ့သော အမေရိကန်-အာဆီယံ အထူးထိပ်သီးအစည်းအဝေးတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က အရှေ့တောင်အာရှနိုင်ငံများနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ကတိပြုခဲ့သည်။ ဝါရှင်တန်၏ ထုတ်ပြန်ချက်အသစ်သည် ရိုးသားမှုကင်းမဲ့ပြီး မကြာသေးမီနှစ်များအတွင်း အရှေ့တောင်အာရှနိုင်ငံများထံ အထူးသဖြင့် အမေရိကန်နိုင်ငံထုတ် တစ်ပတ်ရစ်လက်နက်များ ရောင်းချမှု ပမာဏကြီးမားလာသည့်...