ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား ပဋိပက္ခနှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော အာစန်နီ (Asani) ဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အန်ဒရာပရာဒက်ရှ်-ဩရိဿ မြောက်ဘက်လမ်းကြောင်းသို့ ရွေ့လျားသွားခဲ့ကြောင်း တာဝန်ရှိသူများက မေ ၉ ရက်၌ ပြောကြားခဲ့သည်။
ဆိုးလ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို (Yoon Suk-yeol)က ၎င်း၏ အစိုးရအဖွဲ့သစ်အနေဖြင့် ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရန် မြောက်ကိုရီးယားနိုင်ငံ(DPRK) နှင့် တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ထားမည် ဖြစ်ကြောင်း မေ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် အသက် ၆၄ နှစ်အရွယ် ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၎င်း၏ အနီးကပ်ပြိုင်ဘက် အသက် ၅၇ နှစ်အရွယ် လက်ရှိဒုတိယသမ္မတ မာရီယာလီယိုနာရော်ဘရီဒိုအား မဲရေတွက်မှု ၈၃.၁ ရာခိုင်နှုန်းပြီးချိန်တွင် တရားဝင်အတည်မပြုရသေးသော ရလဒ်များအရ အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ကိုလံဘို ၊ မေ ၁၀ ရက်(ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Mahinda Rajapaksa က မြို့တော် ကိုလံဘိုမြို့၌ ၎င်းအား ထောက်ခံသူများ နှင့် အစိုးရဆန့်ကျင်သော ပြည်သူများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း မေ ၉ ရက်တွင် ကြေညာခဲ့သည်။
မော်စကို ၊ မေ ၁၀ ရက်(ဆင်ဟွာ) ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့(V-Day) အထိမ်းအမှတ်အခမ်းအနားအဖြစ် မေ ၉ ရက်တွင် မော်စကိုမြို့ ရင်ပြင်နီ၌ ရုရှားနိုင်ငံက စစ်ရေးပြချီတက်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုလံဘို၊ မေ ၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ရည် (liquefied petroleum gas) ဦးဆောင်ဖြန့်ဖြူးပေးသည့် Litro Gas Lanka Limited က ၄င်းတို့အနေဖြင့် နောက်ထပ် မှာယူထားသော ဓာတ်ငွေ့ရည် မရောက်လာမချင်း ပြည်တွင်းသုံးစွဲသူများအား ဓာတ်ငွေ့ရည်ဖြန့်ဖြူးပေးနိုင်တော့မည် မကြောင်း မေ ၉...
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) ရုရှား-ယူကရိန်း စစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားပြီး ပဋိပက္ခအား ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် ဦးတည်ထားသော ကြိုးပမ်းအားထုတ်မှုများ စတင်လုပ်ဆောင်ချိန်မှစ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပထမဆုံးထုတ်ပြန်ချက်ကို တညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်အား အချိန် ၁၀ ပတ်ကျော်ကြာ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖနွမ်းပင် ၊ မေ ၉ ရက် (ဆင်ဟွာ) ရာစုနှစ် ထက်ဝက်ကြာသည့်တိုင်အောင် စစ်ကျန် အမေရိကန်လေကြောင်းဗုံးဆံများသည် ကမ္ဘောဒီးယားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း ကမ္ဘောဒီးယား ပညာရှင်တစ်ဉီးက မေ ၇ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ ၊ မေ ၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Maguindanao ပြည်နယ်အတွင်းရှိ ဆန္ဒမဲပေးသည့်စင်တာတစ်ခုအနီးတွင် မေ ၉ ရက် နံနက်ပိုင်းက စက်သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားရာ လူ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့သည်။