မနီလာ ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)က လာမည့်လတွင် ကျင်းပပြုလုပ်မည့် အမေရိကန်နိုင်ငံ နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)တို့အကြား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဖိတ်ကြားချက်အား ငြင်းဆိုခဲ့ကြောင်း သိရသည်။
မော်စကို၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်သည် အလည်အပတ်ရောက်ရှိနေသော ကုလသမဂ္ဂ (UN) အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ယူကရိန်းနိုင်ငံ အရေးဆွေးနွေးရန် ကရင်မလင်နန်းတော်၌ ဧပြီ ၂၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘာလင်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဂျာမနီသည် ယူကရိန်းအား “Gepard” လေကြောင်းကာကွယ်ရေးတင့်ကားများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး Lambrecht က ဧပြီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) တရုတ်လူမျိုးများ၏ သွေးကို အလဟဿ မြေကျမခံနိုင်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုနောက်ကွယ်တွင် ပါဝင်နေသူများအနေဖြင့် တန်ဖိုးကြီးကြီးမားမားပြန်လည်ပေးဆပ်ရမည်မှာ ဧကန်မုချဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ တရုတ်နိုင်ငံသားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂၇ ရက်(ဆင်ဟွာ) ရုရှားဘက်က ယူကရိန်းနှင့် စေ့စပ်ဆွေးနွေးရန် ငြင်းပယ်မည်မဟုတ်ကြောင်းနှင့် သံတမန်ရေးနည်းလမ်းဖြင့် သဘောတူညီချက်ရရှိရေးအတွက် မျှော်လင့်ကြောင်း ရုရှားသမ္မတ ပူတင်က ဧပြီ ၂၆ ရက်တွင် မော်စကိုသို့ လာရောက်လည်ပတ်သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ည်။
ဗီယင်ကျန်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီပံ့ပိုးသည့် လာအို စာတိုက်နှင့်ကြေးနန်း နည်းပညာ အင်စတီကျု စီမံကိန်းတည်ဆောက်မှုကို ဧပြီ ၂၅ ရက်တွင် တရားဝင် စတင်ခဲ့သည်။ အဆိုပါစီမံကိန်း ပန္နတင်အခမ်းအနားကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ကျန်းကျိုက်တုန်းနှင့် လာအိုနိုင်ငံ နည်းပညာနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Boviengkham Vongdaraတို့...
ပြုံးယမ်း ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK) ၏ မြို့တော် ပြုံးယမ်းမြို့လယ်ရှိ Kim Il Sung ရင်ပြင်၌ ဧပြီ ၂၅ ရက်ညပိုင်းတွင် ကိုရီးယားပြည်သူ့တပ်မတော်(KPA) ထူထောင်ခြင်း နှစ် ၉၀ ပြည့်အထိမ်းအမှတ်အနေဖြင့် ကြီးကျယ်ခမ်းနားသော စစ်ရေးပြပွဲတစ်ခုအား ကျင်းပပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA...
မော်စကို ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို လက်နက်များ ထောက်ပံ့နေခြင်းအား ရပ်တန့်ရန် အမေရိကန်နိုင်ငံအား သံတမန်ရေးရာပေးစာတစ်စောင်အား ပေးပို့ခဲ့ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ် Anatoly Antonov က ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အရပ်သားများ ထွက်ခွာနိုင်ရေးအတွက် မာရီယူပိုးလ်မြို့ Azovstal စက်ရုံ စစ်ဆင်ရေးကို ရုရှားဘက်က မော်စကို စံတော်ချိန် ဧပြီ ၂၅ ရက် ၁၄ နာရီမှစပြီး တစ်ဖက်သတ် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၂၅ ရက်တွင် ကြေညာချက်...
နယူးဒေလီ ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့ရှိ Satya Niketan နယ်မြေအတွင်း ဧပြီ ၂၅ ရက်တွင် ပြိုကျခဲ့သည့် ဆောက်လက်စအဆောက်အဦတစ်လုံး၏ အုတ်အကျိုးအပဲ့များအောက်တွင် အလုပ်သမား ၅ ဦးထက်မနည်း ပိတ်မိနေခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။