ပေကျင်း၊ နိုဝင်ဘာ ၄ ရက်၊ ဆင်ဟွာ တောင်ကိုရီးယားကူးစက်ရောဂါတိုက်ဖျက်ရေးဗဟိုဌာနချုပ်က တောင်ကိုရီးယား၌ ယခင်ရက်က ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၂,၆၀၀ ကျော်ရှိခဲ့ရာ တစ်လကျော်ကာလအတွင်း စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်တွင် တောင်ကိုရီးယားသည် လော့ခ်ဒေါင်းဖြေလျှော့မှု ပထမခြေလှမ်း စတင်ခဲ့ပြီး နေ့စဉ်ဘဝပြန်လည် ကောင်းမွန်စွာ စတင်နိုင်ရန် ရည်ရွယ်ချက်ဖြင့်...
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ပူးတွဲဘက်စုံလုပ်ငန်းအစီအစဉ် (JCPOA) ဟု တရားဝင်လူသိများသော ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် ပြန်လည်အသက်ဝင်လာရေးဆိုင်ရာ ဗီယင်နာဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၉ ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အဆင့်မြင့် နျူကလီးယားညှိနှိုင်းဆွေးနွေးသူ Ali Bagheri Kani က နိုဝင်ဘာ...
အာဒစ်အာဘာဘာ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) လက်ရှိ အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေ ရုတ်ခြည်းဆိုးဝါးလာမှုကြောင့် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပေါ်အခြေအနေ ၆ လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အီသီယိုးပီးယားအစိုးရက အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ယခင်နယူးယောက်မြို့ တော် ရဲဗိုလ်ကြီး(ဟောင်း) နှင့် ဘရွတ်ကလင်းမြို့ ဒေသန္တရဥက္ကဌ အဲရစ်အဒမ်စ် (Eric Adams) က ၎င်းသည် နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း နိုဝင်ဘာ ၂ ရက် ညပိုင်းတွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဂျကာတာ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးသဘောတူညီချက်ဖြစ်သော ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ စတင်အသက်ဝင်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အတွင်းရေးမှူးချုပ်ရုံးက နိုဝင်ဘာ ၃ ရက်တွင် ကြေညာခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၄ ရက် နိုဝင်ဘာ ၃ ရက် တွင် အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဖော်ပြချက်အရ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်သည် အိုမန်ပင်လယ်ကွေ့တွင် အီရန်ရေနံကို ခိုးယူရန် အမေရိကန်ရေတပ်၏ကြိုးပမ်းမှုအား အောင်မြင်စွာ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အာရှ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့သည် နိုင်ငံ၏ ပထမဆုံး ခုံးအကွေးပုံစံ သံမဏိပေါင်းကူးတံတား တည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၆၀ တန်ဖိုးရှိသော ချေးငွေအား မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ၊ နိုဝင်ဘာ၃ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံတောင်ပိုင်း၊ နာရီနိုပြည်နယ် မာယာမမြို့၌ နိုဝင်ဘာ ၂ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အနည်းဆုံး လူ ၂၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
လာဂိုစ့် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂိုစ့်မြို့၌ နိုဝင်ဘာ ၁ ရက်က ဆောက်လက်စ ၂၁ ထပ်ရှိ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် နိုဝင်ဘာ ၂ ရက်တွင် ၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသည့်...
ကန်ဘာရာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဖြစ် လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သည်။