နိုင်ရိုဘီ၊ မတ် ၃၁ ရက်(ဆင်ဟွာ) အာဖရိက ဦးချိုဒေသတွင် ဆိုးဝါးသည့် မိုးခေါင်ရေရှား ဖြစ်ပွားမှုကြောင့် အီသီယိုးပီးယား၊ ကင်ညာနှင့် ဆိုမာလီယာနိုင်ငံများတွင် လူပေါင်း ၁၃ သန်း စားနပ်ရိက္ခာမလုံလောက်မှုဒဏ် ပြင်းထန်စွာ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(OCHA)က ယခုရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ကင်ညာနိုင်ငံ အရှေ့ပိုင်း Kilifi...
ဝါရှင်တန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအား“တိုက်ရိုက် ဘတ်ဂျက်အကူအညီ” အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကူညီပံ့ပိုးမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က တယ်လီဖုန်းပြောကြားမှု မှတ်တမ်း၌...
ကိဗ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များအား ယူကရိန်းနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ၊ ကိဗ်နှင့် ချာနီဟိဗ် လမ်းကြောင်းအသီးသီးမှ ယူကရိန်း အရှေ့ပိုင်း ဒေသများဆီသို့ ပြောင်းရွှေ့နေရာချထားကြောင်း ယူကရိန်းအမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Oleksiy Danilov က မတ်...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) G7 က ရုရှားနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေကြေးဖြင့် ဝယ်ယူခြင်း တောင်းဆိုချက်အား လိုက်နာမည်မဟုတ်ဟု ထုတ်ဖော်ပြောကြားပြီးနောက် ရုရှားက ရပ်တည်ချက် ပြောင်းလဲမှုမရှိကြောင်းနှင့် အခြေအနေကို ရှင်းလင်းစွာ သိရှိရန် တိုက်တွန်းကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ မတ် ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ (COVID-19) က ၂၀၂၁ ခုနှစ်အတွင်း တတိယမြောက် လူသေဆုံးရခြင်းအကြောင်းရင်းနေရာသို့ ရောက်ရှိလာခဲ့ကြောင်း မတ် ၃၀ ရက်၌ ထုတ်ပြန်သော ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့ (PSA)၏ ကနဦးအချက်အလျက်များအရ သိရသည်။
ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
ကိဗ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ယူကရိးန်နိုင်ငံ အရှေ့တောင်ပိုင်း မာလ်ကိုလိုင်ဗ်မြို့ရှိ ဒေသန္တရအုပ်ချုပ်ရေးရုံး အဆောက်အအုံအား ရုရှားတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၉ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၂၉ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးမှ ထိုနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း အသစ်တစ်ကြိမ် ဆွေးနွေးမှုအပါအဝင် ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဆတူလက်တုံ့ပြန်သည့်အနေဖြင့် ဘောလ်တစ်နိုင်ငံ သုံးနိုင်ငံမှ သံတမန် စုစုပေါင်း ၁၀ ဦးကို နှင်ထုတ်လိုက်ကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။