ကုလသမဂ္ဂ ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မတ် ၂၃ ရက်တွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်ပြီး ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ဒုတိယမြောက် မဲခွဲဆုံးဖြတ်မှုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဂျေရုဆလမ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံက အစ္စရေးနိုင်ငံတွင် ပထမဆုံး သံရုံးဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု စင်ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan) က မတ် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။
နယူးယောက်၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း နှစ်ဖက်အကြား ပထမဆုံးအကြိမ် စစ်သုံ့ပန်းလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ရုရှားအရာရှိတစ်ဦးက မတ် ၂၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
မော်စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ Facebook နှင့် Instagram အား တားမြစ်ပိတ်ပင်ရန် မတ် ၂၁ ရက်တွင် မော်စကိုတရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ယင်းလူမှုကွန်ရက်နှစ်ခု၏ ပင်မကုမ္ပဏီ Meta Platforms Inc. အား အစွန်းရောက်ဝါဒ ဟု တံဆိပ်ကပ်လိုက်ကြောင်း သိရသည်။
နယူးယောက်၊ မတ် ၂၁ ရက်(ဆင်ဟွာ) ရုရှား-ယူကရိန်း အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှု အရေးကြီးအပိုင်း တိုးတက်မှုရရှိခဲ့ကြောင်း၊ သို့သော်လည်း အချို့ကိစ္စရပ်များတွင် နှစ်နိုင်ငံ ခေါင်းဆောင်အဆင့်က ဆုံးဖြတ်ရန်လိုအပ်ဆဲဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlüt Çavuşoğluက မတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။ မရီဥပိုလ်တွင် အရပ်သားများဘေးလွတ်ရာသို့ စနစ်တကျ ထွက်ခွာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပစ္စည်းများ...
ဘူဒါပတ်/ဝါဆော ၊ မတ် ၂၁ ရက်(ဆင်ဟွာ) လေယာဉ်ပေါ်တွင် ဗုံးတစ်လုံးပါသည်ဟူသော သတင်းပေးပို့ချက်လက်ခံရရှိခဲ့ပြီးနောက်တွင် ဟန်ဂေရီတိုက်ခိုက်ရေးဂျက်လေယာဉ်များသည် အရပ်သားလေယာဉ်တစ်စင်းအား ကြားဖြတ်ဟန့်တားမှုပြုလုပ်ရန် မတ် ၁၉ ရက် ညပိုင်းက အသင့်အနေအထား လုပ်ဆောင်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ မတ် ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အရပ်ဘက်သုံးလေယာဉ်တစ်စင်းဖြစ်သည့် Airbus A321 လေယာဉ်ကြောင့်...
ရီယာ့ဒ် ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဆော်ဒီအာရေးဗျရေနံကုမ္ပဏီ(Aramco) က ၎င်း၏ ၂၀၂၁ ခုနှစ်အတွက် အသားတင်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၁၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မတ် ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဆော်ဒီအာရေးဗျ၏ အကြီးဆုံးရေနံကုမ္ပဏီကြီးဖြစ်သော Aramco...
ဒါကာ ၊ မတ် ၂၁ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မြို့တော် ဒါကာမြို့အပြင်ဘက် Narayanganj ခရိုင်ရှိ မြစ်တစ်စင်းအတွင်း ခုတ်မောင်းသွားလာနေသော ကူးတို့လှေတစ်စင်းသည် မတ် ၂၀ ရက်တွင် အခြားကုန်တင်သင်္ဘောတစ်စင်းနှင့် တိုက်မိမှုဖြစ်ပွားပြီးနောက် တိမ်းမှောက်သွားခဲ့ကြောင်း ၊ ကယ်ဆယ်ရေးသမားများသည် မြစ်အတွင်း ရုပ်အလောင်း ၆ ခုအား ရှာဖွေတွေ့ရှိခဲ့ကြောင်း...
ပေကျင်း ၊ မတ် (၂၀) ရက် (ဆင်ဟွာ)
မော်စကို ၊ မတ် ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့နှင့် ဆက်ဆံရေးတွင် တိုးတက်မှုရရှိစေရန် ဦးဆောင်ဦးရွက်အစပျိုးလုပ်ဆောင်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။