တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွက် လိုအပ်သောရေနံများကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ် နှင့် ရောင်းချရန် အသင့်ရှိကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) အကြီးအကဲက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံ ခေါင်းဆောင်များကြား တွေ့ဆုံမှုရှိနိုင်ကြောင်း ရုရှား သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Dmitry Peskov က မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နှင့် G7 တို့က ထိုနေ့တွင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံဆောင်ရွက်သွားမည်ဟု...
နယူးဒေလီ၊ မတ် ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံသည် မတ် ၉ ရက်တွင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဆောင်ရွက်နေစဉ် နည်းပညာ ချို့ယွင်းမှုကြောင့် ပါကစ္စတန်နိုင်ငံဘက်ခြမ်းသို့ ဒုံးကျည်တစ်စင်း မတော်တဆ ပစ်လွှတ်ခဲ့မိကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) အစိုးရရှေ့နေချုပ်ရုံး၏ တောင်းဆိုချက်အရ ရုရှားနိုင်ငံ၌ အမေရိကန်လူမှုကွန်ရက်ဖြစ်သော Instagram အသုံးပြုခွင့်ကို ကန့်သတ်သွားမည်ဟု ရုရှား တယ်လီကွန်းစောင့်ကြည့်ရေးအဖွဲ့ Roskomnadzor က မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၁၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က ဒွန်ဘတ်စ်ဒေသသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ပြည်ပမှ စေတနာ့ဝန်ထမ်းများအား ခွင့်ပြုရေးအကြံဉာဏ်ကို ထောက်ခံကြောင်း မတ် ၁၁ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေးကိစ္စ သဘောတူညီချက်အား ပြန်လည်လိုက်နာရေးနှင့် ပတ်သက်၍ အမေရိကန်က ထပ်လောင်းတောင်းဆိုမှုများ ပြုလုပ်နေရာ စေ့စပ်ညှိနှိုင်းမှုများကို ပိုမိုခတ်ခဲစေသည်ဟု အီရန်အရာရှိက မတ် ၁၀ ရက်တွင် စွပ်စွဲပြစ်တင်ခဲ့သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သက်ဆိုင်ရာအဖွဲ့များက သဘောတူညီချက်အသစ် ရရှိလုနီးပါးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း...
ဂျေရုဆလင်၊ မတ် ၁၁ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် Aviv Kohavi သည် ဘာရိန်းနိုင်ငံရှိ အမေရိကန် ရေတပ်၏ ပဉ္စမမြောက် ရေတပ်ဌာနချုပ်သို့ မတ် ၁၀ ရက် က သွားရောက်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထုတ်ပြန်သော ကြေညာချက်တစ်ရပ်အရ သိရသည်။
ဘစ်ရှ်ကတ်ရှ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ) ကာဂျစ္စတန်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့က မတ် ၁၀ ရက်တွင် နှစ်နိုင်ငံနယ်စပ်ဒေသ၌ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ကာဂျစ္စတန်နိုင်ငံ အမျိုးသားလုံခြုံရေးကော်မရှင် သတင်းထုတ်ပြန်ရေးဗျူရိုက မတ် ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံ Batken ပြည်နယ်...
ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ ရုရှားပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား သိမ်းယူခွင့်ပြုသော ဥပဒေတစ်ရပ်ကို ယူကရိန်း သမ္မတ Volodymyr Zelensky က လက်မှတ်ရေးထိုးလိုက်ကြောင်း ယူကရိန်းလွှတ်တော်က မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ) လက်ရှိ ရုရှားစစ်တပ်ထိန်းချုပ်ထားသည့် ချာနိုဘိုင်း နျူကလီးယားဓါတ်အားပေးစက်ရုံသည် ဘီလာရုဇ် လျှပ်စစ်အင်ဂျင်နီယာများ၏ အကူအညီဖြင့် ဓါတ်အားပြန်လည် ထုတ်လွှတ်ပေးနေပြီဖြစ်ကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Yevgeny Grabchak က မတ် ၁၀ ရက်တွင် ရုရှားမီဒီယာများအား ပြောကြားခဲ့သည်။