ဘန်ကောက် ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ ဟွာဝေး နည်းပညာကုမ္ပဏီနှင့်အတူ ၎င်း၏ ဒီဂျစ်တယ်နည်းပညာပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ယခုရက်သတ္တပတ်တွင် ဘန်ကောက်မြို့၌ ကျင်းပသော cloud နည်းပညာပြပွဲတစ်ခုတွင် ထိုင်းအဆင့်မြင့်အရာရှိကြီးများက ပြောကြားခဲ့သည်။
အော့တဝါ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) Sinopharm ၊ Sinovac နှင့် COVAXIN ကာကွယ်ဆေးများဖြင့် အပြည့်အဝထိုးနှံထားသည့် ခရီးသွားများကို နိုဝင်ဘာ ၃၀ ရက်မှစ၍ ကနေဒါနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ကနေဒါအစိုးရက နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် နိုဝင်ဘာ ၁၉ ရက်က နံရံတစ်ခုပြိုကျပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသူအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် အံ့အားသင့်ဖွယ် အပြောင်းအလဲအဖြစ် ယမန်နှစ်က အိန္ဒိယပါလီမန်က ခွင့်ပြုခဲ့သော လယ်ယာမြေဥပဒေ ၃ ခုကို ရုပ်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက နိုဝင်ဘာ ၁၉ ရက်၌ ကြေညာခဲ့ကြောင်း သိရသည်။ “ဒီလကုန်မှာ ပြုလုပ်မယ့် လွှတ်တော်ရဲ့ ဆောင်းရာသီအစည်းအဝေးမှာ...
ဝါရှင်တန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်အမေရိက ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau ) နှင့် မက္ကဆီကိုသမ္မတ အန်ဒရက်စ်မန်နူရယ်လိုပက်ဇ် အိုဘရာဒေါ (Andres Manuel Lopez...
ကိုင်ရို၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ Abdel-Fattah al-Sisi နှင့် ဗြိတိန်တော်ဝင်မင်းသား ချားလ်စ် (Charles ) တို့သည် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရန် နည်းလမ်းများကိုနိုဝင်ဘာ ၁၈ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း သမ္မတရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အီဂျစ်သမ္မတ...
ကရာကက်စ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံမှ တာဝန်ရှိသူများအား နောက်တစ်နှစ်အတွက် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရန် ဥရောပသမဂ္ဂမှ ဆုံးဖြတ်ချက်အပေါ် ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး Felix Plasencia က ရှုတ်ချကြောင်း နိုဝင်ဘာ ၁၈ ရက်တွင်ပြောကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ လူတွေအပေါ် ဒီထိုးနှက်မှုအသစ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။...
မင့်စ်ခ်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘီလာရုစ်နိုင်ငံနှင့် အီးယူနိုင်ငံများအကြား နယ်စပ်တွင် သောင်တင်နေသော ဒုက္ခသည်အများစုသည် နေရပ်ပြန်ပို့ပေးမည်ကိုငြင်းဆိုထားကြောင်း၊ ၎င်းတို့သည် အနောက်ဥရောပသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံတစ်ခု ပံ့ပိုးပေးရန် တောင်းဆိုထားကြောင်း ဘီလာရုစ်သမ္မတ၏ ပြန်ကြားရေးဝန်ကြီး Natalia Esmond က နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပြောကြားခဲ့သည်။ ဘီလာရုစ်...
အော့တဝါ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်း၊ ရွှံ့သဲကျောက်မြေ စီးဆင်းမှုများဖြစ်ပွားခြင်းနှင့် ဆက်စပ်ဖြစ်ပွားသည့်ပြဿနာများကြောင့် ပြည်နယ်တစ်ခုလုံးအား အရေးပေါ်အခြေအနေအဖြစ် နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ကြေညာခဲ့ကြောင်း သိရသည်။ ဗြိတိသျှ ကိုလံဘီယာပြည်နယ် အုပ်ချုပ်ရေးမှူး John Horganက...
နယူးယောက်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ် ဘတ်ဂျက်တစ်နှစ်တာအကုန်ကာလဖြစ်သည့် ဧပြီလအထိ ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့် အမေရိကန်နိုင်ငံသား ၁၀၀,၀၀၀ ကျော် သေဆုံး ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစာရင်းအင်းစင်တာ မှ ယာယီကိန်းဂဏန်းများအား ကိုးကား၍ နယူးယောက်တိုင်းမ်သတင်းစာတွင် နိုဝင်ဘာ ၁၇ ရက်က ဖော်ပြခဲ့သည်။ ၂၀၁၉ ခုနှစ်ဘတ်ဂျက်နှစ်...