မော်စကို ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ၌ အမေရိကန်က ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။
ဝါရှင်တန်၊ မတ် ၉ ရက် (ဆင်ဟွာ) မြောက်အန္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများသည် စစ်ဝါဒီဆန်ဆန် စီမံကိန်းများ ဆက်လက်ဆောင်ရွက်သွားရန် ယူကရိန်းနိုင်ငံ ပဋိပက္ခကို အသုံးချလျက်ရှိကြောင်း အမေရိကန်မီဒီယာ သတင်းအရ သိရသည်။
နယူးယောက် ၊ မတ် ၉ ရက်(ဆင်ဟွာ) ဖော့ဒရစ် (Fort Detrick)ရှိ ထိန်းချုပ်ဓာတ်ခွဲခန်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ အခြေစိုက်စခန်းမှ ထုတ်ပြန်ပေးသော သတင်းအချက်အလက်၏ ပွင့်လင်းမြင်သာမှုအပေါ် တုန့်ပြန်မှုပေးရေးဆိုင်ရာ တာဝန်ခံကော်မတီက စိုးရိမ်ပူပန်ကြောင်း အမေရိကန်စစ်တပ်၏ သီးခြားလွတ်လပ်သည့်သတင်းစာတစ်စောင်ဖြစ်သော Stars and Stripes သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ဂျီနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ) အမေရိကန်၏ အကြမ်းဖက် တရားဥပဒေ စိုးမိုးရေးကြောင့် အာဖရိကနွယ်ဖွားများ သေဆုံးမှု အရေအတွက်သည် ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ယင်းဖြစ်ရပ်များကို စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ဥပဒေစက်ကွင်းထဲ အရေးယူနိုင်အောင် လက်တွေ့ကျသောလုပ်ဆောင်ချက်များ ဆောင်ရွက်သင့်ကြောင်း ကုသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ...
ပေကျင်း၊ မတ် ၉ ရက်(ဆင်ဟွာ) ရုရှား စွမ်းအင်များကို ပိတ်ဆို့သွားမည်ဖြစ်ပြီး ရုရှားမှ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့်ကျောက်မီးသွေး တင်သွင်းခြင်းကို ရပ်တန့်လိုက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၈ ရက်တွင် ကြေညာလိုက်သည်။ ရုရှား သမ္မတ ပူတင်က ပိတ်ဆို့မှုအခြေအနေရှိ ပြည်သူနှင့်စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးရေးဥပဒေအမိန့်ကို မတ်...
မော်စကို၊ မတ် ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံမှ အာဏာပိုင်များသည် နိုင်ငံအတွင်း အမေရိကန်၏ ရန်ပုံငွေဖြင့်တည်ဆောက်ထားသော ဓာတ်ခွဲခန်းများ၌ ထိန်းသိမ်းထားသည့် လူကိုသေစေနိုင်သော ရောဂါများဖြစ်ပွားစေသည့် အန္တရာယ်ရှိရောဂါကူးစက်ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၈ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
ကိဗ် ၊ မတ် ၉ ရက်(ဆင်ဟွာ) Donetsk ၊ Lugansk နှင့် Crimea တို့၏ ရှေ့ရေးအလားအလာ နှင့် လုံခြုံရေးအာမခံချက်များနှင့်ပတ်သက်၍ ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ရန် အဆင်သင့်ရှိကြောင်း မတ် ၈ ရက်တွင် ယူကရိန်းနိုင်ငံ သမ္မတ၏ တရားဝင် website...
တီဟီရန် ၊ မတ် ၉ ရက်(ဆင်ဟွာ) အီရန်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း Shahroud ပြည်နယ်အတွင်းရှိ သဲကန္တရတစ်ခုမှ ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ Noor-2 (Light-2) အမည်ရှိ စစ်ဘက်ဆိုင်ရာဂြိုဟ်တုတစ်စင်းအား မတ် ၈ ရက်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း IRNA နိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်လွှင့်ဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ မတ် ၉ ရက်(ဆင်ဟွာ) အက်ပဲလ် (Apple) က မျက်နှာပြင်အကျယ် ၄.၇ လက္မ နှင့် A15 ဘိုင်အိုနစ်ချစ်ဒ်ပြားကို အသုံးပြု၍ iPhone SE မော်ဒယ်အသစ်ကို ထုတ်လုပ်လိုက်ကြောင်း မတ် ၈ ရက်တွင် ကြေညာခဲ့သည်။
ရီယာဒ့်၊ မတ် ၉ ရက် (ဆင်ဟွာ)