မော်စကို ၊ မတ် ၂ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး Sergei Shoigu က အနောက်နိုင်ငံများမှ ရုရှားအားခြိမ်းခြောက်မှုများကို ခုခံကာကွယ်သည့်အနေဖြင့် အဓိကရည်မှန်းချက်ပန်းတိုင်များရောက်ရှိအောင်မြင်သည်အထိ ယူကရိန်းနိုင်ငံအတွင်း ၎င်း၏ အထူးစစ်ဆင်ရေးလှုပ်ရှားမှုများကို ရုရှားနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua) ………………………………. (English Version) Urgent:...
ဒမတ်စ်ကပ်စ် ၊ မတ် ၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့လယ်ခေါင်ရှိ ဈေးဝယ်စင်တာကြီးတစ်ခု၌ မတ် ၁ ရက် နံနက်အစောပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး သေဆုံးပြီး အခြား ခုနှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
မော်စကို၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ရှင်းလင်းပြတ်သားသော အောင်မြင်မျိုး ရရှိခဲ့ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ပထမဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။
အစ္စတန်ဘူလ်၊ မတ် ၁ ရက် (ဆင်ဟွာ) ရုရှားခရီးသည်တင်လေယာဉ်တစ်စင်းသည် ဂရိလေပိုင်နက်အတွင်းသို့ ဝင်ရောက်ရန် ငြင်းဆိုခံရပြီးနောက် အစ္စတန်ဘူလ်မြို့ လေဆိပ်၌ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဆင်းသက်ခဲ့ရကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ့် ၊ မတ် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့တော် Arden Fair mall ဈေးဝယ်စင်တာအနီးရှိ ဘုရားရှိခိုးကျောင်းတစ်ခု၌ ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူ ၅...
မော်စကို၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာ ဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်း ရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင်အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoyguက ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။ရုရှားစစ်တပ် မဟာဗျူဟာ...
ပေကျင်း၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ဖေဖော်ဝါရီ ၂၈ ရက်က ဘီလာရုဇ်နိုင်ငံ Gomelဒေသတွင် ပြုလုပ်ခဲ့သည်။ယင်းနေ့တွင်ပင် ပြင်သစ် သမ္မတ မိုက်ခရွန်က ရုရှားသမ္မတ ပူတင်၊ ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့နှင့် သီးခြားစီ ဖုန်းဖြင့်ဆက်သွယ်ပြီး ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ) ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းအဆုံးသတ်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ရုရှားနိုင်ငံ၏ လေပိုင်နက်အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။