ကဘူးလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တာလီဘန် ထိပ်တန်းခေါင်းဆောင် Hibatullah Akhundzada က စက်တင်ဘာ ၇ ရက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တာလီဘန် အိမ်စောင့်အစိုးရသည် မကြာမီစတင်လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစ္စတန်ဘူလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) တူရကီနိုင်ငံနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသေးသော လူများအား COVID-19 ကာကွယ်ဆေး သက်သေခံကတ်ပြားအတု ထုတ်ပေးမှုစွပ်စွဲချက်ဖြင့် စက်တင်ဘာ ၇ ရက်က သူနာပြုသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စက်တင်ဘာ ၉ ရက်တွင် အွန်လိုင်းပုံစံဖြင့်ကျင်းပမည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးတွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန္ဒြာမိုဒီ (Narendra Modi) က သဘာပတိအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံအစိုးရက စက်တင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့...
ဘိုဂူရာ၊ ဘင်္ဂလားဒေ့ရှ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘိုဂူရာခရိုင်တစ်ဝန်းရှိ မြေမျက်နှာပြင်တစ်ခုလုံး ရေလွှမ်းမိုးခြင်းခံရပြီး နေအိမ်များနှင့် ကောက်ပဲသီးနှံစိုက်ခင်းများ ရေဖုံးလွှမ်းခဲ့ကြောင်း နှင့် ဒေသခံများလည်း ဖောင်များ၊ လှေများဖြင့် ရေလွှမ်းမိုးသည့်နေရာများတွင် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။ (Xinhua) ……………………………… (English Version) Asia Album:...
ဆိုးလ်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ပြည်တွင်းထုတ် ရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးကျည် (SLBM) အား အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ စစ်တပ်အရင်းအမြစ်အား ကိုးကား၍ Yonhap သတင်းအေဂျင်စီက စက်တင်ဘာ ၇ ရက်၌ သတင်းဖော်ပြခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် တန်...
ဆာအိုပေါ်လို ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ဘရာဇီးဂန္တဝင်ဘောလုံးသမား ပီလီသည် ၎င်း၏ အူမကြီးအတွင်းရှိ အကျိတ်ဖုအား ခွဲစိတ်ဖယ်ရှားလိုက်ပြီးနောက် ဆေးရုံတွင် ပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။ အသက် ၈၀ နှစ်အရွယ်ရှိ ပီလီသည် အထူးကြပ်မတ်ကုသဆောင်တွင် ဆက်လက်နေထိုင်နေရသော်လည်း စက်တင်ဘာ ၇ ရက်တွင် အထွေထွေကုသဆောင်သို့ ပြောင်းရွှေ့ကုသမှုခံယူရန် မျှော်လင့်ရကြောင်း...
ဟူစတန် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်း လူဝီစီးယားနားပြည်နယ်၌ ကုန်းတွင်းပိုင်းတိုက်ခတ်မှု အဆင့် ၄ ရှိ Ida ဟာရီကိန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်ပတ်အကြာ စက်တင်ဘာ ၆ ရက်အထိ ယင်းကမ်းရိုးတန်းပြည်နယ်တွင် သေဆုံးသူပေါင်း ၁၃ ဦး နှင့် လျှပ်စစ်မီးပြတ်တောက်နေသော...
ကဘူးလ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) တာလီဘန်ထိန်းချုပ်ရန် ကျန်ရှိနေသော တစ်ခုတည်းသောပြည်နယ် ပန်ဂျ်ရှီးယားပြည်နယ်အား သိမ်းပိုက်လိုက်ကြောင်း အတည်ပြုလိုက်ပြီးနောက် လာမည့် ရက်အနည်းငယ်အတွင်း အာဖဂန် အစိုးရသစ်ကို ကြေညာသွားမည်ဖြစ်ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က စက်တင်ဘာ ၆ ရက်၌ ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ...
ထရီပိုလီ ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ တာဝန်ရှိသူများက ၂၀၁၁ ခုနှစ်တွင် ဖြုတ်ချခံရပြီး သေဆုံးသွားသည့် ခေါင်းဆောင် မွမ်မာကဒါဖီ၏ သားဖြစ်သူ Saadi Gaddafi အား စက်တင်ဘာ ၅ ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ရှေ့နေချုပ်ရုံးမှ သတင်းအရင်းအမြစ်တစ်ခုအရ ၂၀၀၅ ခုနှစ်တွင်...
ကရာကက်စ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ) မက္ကစီကိုနိုင်ငံ၌ ဗင်နီဇွဲလားနိုင်ငံ အစိုးရကိုယ်စားလှယ်အဖွဲ့သည် အတိုက်အခံအများနှင့် ဆွေးနွေးစဉ် ဗင်နီဇွဲလားနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုများအားလုံးအဆုံးသတ်ရန် တောင်းဆိုသည့် ထုတ်ပြန်ချက်အား ဗင်နီဇွဲလားသမ္မတ Nicolas Maduro က စက်တင်ဘာ ၅ ရက်တွင်တင်ပြခဲ့သည်။ “ဗင်နီဇွဲလားနိုင်ငံအား ပိတ်ဆို့ထားသော ကုန်သွယ်ရေး၊ငွေရေးကြေးရေး၊ စက်သုံးဆီ၊...