ဘိုဂိုတာ၊ နိုဝင်ဘာ၃ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံတောင်ပိုင်း၊ နာရီနိုပြည်နယ် မာယာမမြို့၌ နိုဝင်ဘာ ၂ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် အနည်းဆုံး လူ ၂၀ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
လာဂိုစ့် ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် လာဂိုစ့်မြို့၌ နိုဝင်ဘာ ၁ ရက်က ဆောက်လက်စ ၂၁ ထပ်ရှိ အဆောက်အဦတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ အရေအတွက်သည် နိုဝင်ဘာ ၂ ရက်တွင် ၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ရှာဖွေရေး နှင့် ကယ်ဆယ်ရေးဆောင်ရွက်နေသည့်...
ကန်ဘာရာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ဩစတြေးလျနိုင်ငံသည် ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု (RCEP) သဘောတူညီချက်အား အတည်ပြုလက်မှတ်ရေးထိုးကြောင်း နိုဝင်ဘာ ၃ ရက်၌ ကြေညာခဲ့ပြီး ယင်းသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (FTA) အဖြစ် လာမည့်နှစ်တွင် အသက်ဝင်လာမည်ဖြစ်သည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ ဘန်ဂဝန်ဆိုလိုမြစ်တွင် လူဒါဇင်ပေါင်းများစွာ တင်ဆောင်လာသည့် ကနူးလှေတစ်စင်းသည် နိုဝင်ဘာ ၃ ရက်၌ တိမ်းမှောက်သွားပြီးနောက် လူ ၁၈ ဦးထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
တီဟီရန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir Abdollahian က နိုဝင်ဘာ ၂ ရက်တွင် အီရန်နျူကလီးယားသဘောတူညီချက် သို့မဟုတ် JCPOA သို့ပြန်သွားရန် အမေရိကန်၏ အဆင်သင့်ဖြစ်မှုကို မေးခွန်းထုတ်လိုက်ပြီး နျူကလီးယား ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်၏ ခုတစ်မျိုးတော်ကြာတစ်မျိုး လုပ်ဆောင်ချက်အား ဝေဖန်ခဲ့သည်။
ဂျီနီဗာ၊နိုဝင်ဘာ၃ရက် (ဆင်ဟွာ) လက်ရှိနိုင်ငံအများစုတွင် ကူးစပ်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်များတွင် ဒယ်လ်တာကိုရိုနာဗိုင်းရပ်စ်ပိုးသည် အများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နိုဝင်ဘာ၂ရက်တွင်ထုတ်ပြန်သော ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါ အပတ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
NUR-SULTAN ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) ယခင်နှစ်များက တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ခဲ့သည့် ကာဇက်စတန်နိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သူများသည် မကြာမီကျင်းပမည့် ပြပွဲက တရုတ်ဈေးကွက်တိုးချဲ့ခြင်းမှ အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ပြင်းပြင်းပြပြမျှော်လင့်လျက်ရှိကြောင်း သိရသည်။
ဂျီနီဗာ ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) လက်ရှိဖြစ်ပွားနေဆဲဖြစ်သည့် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးလူနာအရေအတွက်သည် ၅ သန်းကျော်လွန်သွားခဲ့ပြီး နိုဝင်ဘာ ၂ ရက်အထိ ၅,၀၀၄,၈၅၅ ဦးထိ ရှိလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)မှ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဂျကာတာ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မာကူလူပြည်နယ်အနီး ပင်လယ်ပြင်တွင် နိုဝင်ဘာ ၂ ရက် ညပိုင်းက ပြင်းအား ၆.၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို မသိရှိရသေးကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev သည် အမေရိကန်နိုင်ငံ ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA) ညွှန်ကြားရေးမှူး William Burns နှင့် မော်စကိုမြို့၌ နိုဝင်ဘာ ၂ ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။